25 C
Yangon

ချင်းပြည်နယ်တွင် ၁ လကျော်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၉၅ ဦးအရှင်ဖမ်းမိကာ ၂၃ ဦးလက်နက်ချ

Must read

ချင်းပြည်နယ်တွင် ၁ လကျော်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၉၅ ဦးအရှင်ဖမ်းမိကာ ၂၃ ဦးလက်နက်ချ

■ သေဆုံးသူများတွင် ဒုတိယဗိုလ်မှူးကြီးအောင်ထွန်း၊ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ် ကြီး ၂ ဦး တို့ပါဝင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ချင်းပြည်နယ်တွင် CDF-Daai ပူးပေါင်း တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်ကောင် စီ တပ်အကြား ၁ လကျော်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၉၅ ဦးအရှင် ဖမ်းမိကာ ၂၃ ဦးလက်နက်ချ အလင်းဝင်ခဲ့ကြောင်း Chinland Defense Force-Daai ကထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် CDF – Daai က မွန်တောင် စစ်ဆင်ရေးပြုလုပ်ခဲ့ရာတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗို လ်ကြီး ၁ ဦး၊ ဗိုလ် ၁ ဦး၊ တပ်ကြပ် ကြီး ၂ ဦးအပါအဝင် အကြပ်ရဲဘော် ၁၁ ဦး စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ လောင်းပွဲတောင်၌ CDF – Daai ၊ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် မိတ်ဖက် တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ စစ်ဆင်ရေး ပြုလုပ်ခဲ့စဉ် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ် ၁ ဦး၊ တပ် ကြပ် ကြီး ၃ ဦး အပါအဝင် အကြပ်ရဲဘော် ၁၉ ဦး စုစုပေါင်း ၂၃ ဦး လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ လှိန်းရှိန်တောင် စစ်ဆင်ရေးတွင် ထိတွေ့တိုက်ပွဲ ၂၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး CDF-Daai ဘက်မှ ရဲဘော် ၁ ဦး ဒဏ်ရာရရှိကာ အကြမ်းဖက် စစ်ကောင်စီ၏ စကခ ၁၅ ၊ ဘူးသီးတောင် အခြေစိုက် လက်အောက်ခံ ခမရ ၂၃၃ တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးအောင်ထွန်း၊ ဗိုလ်မှူး ၁ ဦး နှင့် ဗိုလ်ကြီး ၂ ဦး စုစုပေါင်း ၄ ဦးတို့ကို အသေဖမ်းဆီးရမိပြီး ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၅ ဦးနှင့် အကြပ်ရဲဘော် ၈ ဦး စုစုပေါင်း ၁၄ ဦးကို အရှင်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လုံရင်းတောင် စစ်ဆင်ရေးနှင့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် လှောင်သွေတောင် စစ်ဆင်ရေး တို့တွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး နှင့် အကြပ်ရဲဘော် ၂ ဦး စုစုပေါင်း ၇ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ အထိ စစ်ဆင်ရေးအတွင်း CDF – Daai အနေဖြင့် ထိတွေ့ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၅၉ ဦးကို အသက်ရှင်လျက် ဖမ်းဆီးရရှိကြောင်း၊ လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသော စစ်ကောင်စီ တပ်သား ၅၉ ဦးထဲတွင် ပြင်းထန် ဒဏ်ရာ ရရှိသူ ၇ ဦးရှိပြီး အဆိုပါ ဒဏ်ရာရရှိသော တပ်ဖွဲ့ဝင်များကို ဆေးဝါးကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို နိုင်ငံတကာစစ်ဖက်ဆိုင်ရာ ဥပဒေ Geneva Convention နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

CDF – Daai အနေဖြင့် ချင်းပြည်နယ်၊ ချင်းအမျိုးသားများကို ကာကွယ်စောင့်ရှောက်ရေးနှင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးလုပ်ငန်းများကို စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ညီနောင်တော်လှန်ရေး အင်အားစုများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Photo – CDF – Daai မှ ဖမ်းဆီးရမိသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ( ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article