29 C
Yangon

နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ညောင်ပတ်ရဲကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ မီးရှို့ရှင်းလင်း

Must read

နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ညောင်ပတ်ရဲကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ညောင်ပတ်ရဲကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ မီးရှို့ရှင်းလင်းခဲ့ကြောင်း OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ညောင်ပတ်ကျေးရွာရှိ ညောင်ပတ်ရဲကင်းစခန်းကို OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုက ဝင်ရောက် မီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရဲကင်းစခန်းတွင် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်း၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ၄ လ ကျော်ကြာ ဝင်ရောက် တပ်စွဲနေထိုင်ခဲ့သော ရဲကင်းစခန်းတစ်ခုဖြစ်ပြီး လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲနေထိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

ညောင်ပတ်ကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကား ၆ စီးဖြင့် ရောက်ရှိနေပြီး ယနေ့ ညဦးပိုင်းအထိ စစ်တပ်မှ အင်အားများ ထပ်မံဖြည့်တင်းရန် ကြိုးစားနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article