25 C
Yangon

မင်းတပ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၈ နှစ်အရွယ်မိန်းကလေးတစ်ဦးအပါအဝင် ၂ ဦးဒဏ်ရာရ

Must read

မင်းတပ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၈ နှစ်အရွယ်မိန်းကလေးတစ်ဦးအပါအဝင် ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၉

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်ခဲ့ရာ အသက် ၈ နှစ်အရွယ်မိန်းကလေး တစ်ဦး အပါအဝင် ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့် ပြန် ကြားရေးဌာန ထံမှ သိရှိရသည်။

မတ်လ ၈ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်မှ နံနက် ၁၀ နာရီ ၂၂ မိနစ်အထိ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ ကျေးရွာနှင့် အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က Su 35 ဂျက်တိုက်လေယာဉ် ဖြင့် ဗုံးကျဲခြင်း၊ ရော့ကတ်များဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ် စက်သေနတ်ဖြင့် ပစ်ခတ်မှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၃၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အချို့လည်း ထိမှန်ပျက်စီခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article