24.9 C
Yangon

ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာကို ယနေ့ နံနက်ပိုင်း စစ်ကောင်စီက ၄ ကြိမ်​မြောက် မီးရှို့မှု နေအိမ် ၂၀ နီးပါး မီး လောင်ပြာကျ၊ မိန်းကလေးငယ် ၁ ဦး ကျည်ထိမှန်ဒဏ်ရာရ

Must read

ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာကို ယနေ့ နံနက်ပိုင်း စစ်ကောင်စီက ၄ ကြိမ်​မြောက် မီးရှို့မှု နေအိမ် ၂၀ နီးပါး မီး လောင်ပြာကျ၊ မိန်းကလေးငယ် ၁ ဦး ကျည်ထိမှန်ဒဏ်ရာရ

ရန်ကုန်၊ မတ် ၉

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာကို စစ်ကောင်စီက ၄ ကြိမ်​မြောက် မီးရှို့ရာ နေအိမ် ၂၀ နီးပါး မီး လောင်ပြာကျသွားကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၉ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် စစ်တပ်က ဘုတလင်မြို့နယ် ၊ ဇီးတောကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး မီးရှို့သွားခြင်းဖြစ်ကြောင်း ၊ စစ်တပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက်လာကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးငယ် ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“စစ်ကြောင်းကတော့ နမခထဲက ထွက်လာတဲ့ စစ်ကြောင်းပါ။ အင်အား ၈၀ လောက်ပါတယ်။ရွာထဲဝင်လာလာချင်း ၄၀မမကျည် တွေနဲ့ မနားတမ်းပစ်ခတ်တယ်။ အဲဒီလိုပစ်ခတ်လို့ ရွာမှာ အမျိုးသမီးငယ် ၁ ဦး ခြေသလုံး ထိမှန်ဒဏ်ရာရတယ်။ ရွာကို မီးရှို့ပြီး မုံရွာမြို့နယ် ဖန်းခါးကျင်းရွာဘက် ထွက်သွားတယ်။ အိမ်မီးလောင်သွားတာက အိမ်အလုံးရေ ၂၀ နီးပါး မီး လောင်ဆုံးရှုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီတပ်က ဇီးတောကျေးရွာကို မီးရှို့သည့် အကြိမ်အရေအတွက် ၄ ကြိမ်အထိရှိလာပြီး အိမ်ခြေ စုစုပေါင်း ၁၁၇ လုံးအထိ မီး လောင်ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article