25 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံးပြီး စာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၇ လုံး မီးလောင်ပျက်စီး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံးပြီး စာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၇ လုံး မီးလောင်ပျက်စီး

ရန်ကုန်၊ မတ် ၉

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး စာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန် သည်။

မတ်လ ၄ ရက် ညနေ ၅ နာရီမှ ၆ နာရီအထိ မုန်းမြို့နယ်၊ ကွင်းချောင်းဝကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ၇ လုံးထက်မနည်း ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ရေလည်းကျေးရွာ၊ နှောင်းကုန်းကျေးရွာ၊ မရမ်းစိန်ကြီးကျေးရွာနှင့် မရမ်းစိန်လေးကျေးရွာ တို့အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး မရမ်းစိန်လေးကျေးရွာ အသက် ၆၆ နှစ်အရွယ် ဖူးဘူးဘယ် ထိမှန်သေဆုံးခဲ့ကြောင်း၊ ထို့အပြင် အသက် ၃၈ နှစ်အရွယ် စောမောင်ရွှေပေးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ကေအဲန်ယူ− ကရင်အမျိုးသားအစည်းအရုံး၊မုန်းမြို့နယ် ကျန်းမာရေး ဌာနလက် အောက်ရှိ တာဝန်ရှိသူများက ဆေးကုသမှုပေးထားကြောင်း သိရသည်။

မတ်လ ၅ ရက် နံနက် ၈ နာရီ ၁၁ မိနစ်အချိန်မှစ၍ ၈ နာရီ ၅၉ မိနစ်အချိန်အထိ ခမရ ၃၅၁ တပ်ရင်း နှင့် ကွင်းချောင်းဝရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများက မရမ်းစိန်ကြီးကျေးရွာ အတွင်းသို့ လက်နက်ကြီး ၇ လုံးထပ်မံပစ်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှုမရှိသော်လည်း ရွာသူရွာသားများမှာ ကျေး ရွာ အတွင်း၌ ဆက်လက်နေထိုင်ရဲခြင်း မရှိတော့ပဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း သိရသည်။

မတ်လ ၆ ရက် ညနေ ၆ နာရီ မိနစ် ၂၀ ခန့်မှ ၈ နာရီ ၂၈ မိနစ်အထိ ကွင်းချောင်းဝရှိ အကြမ်းဖက်စစ် သားများက လက်နက်ကြီး ၈ လုံး ထပ်မံပစ်ခတ်ခဲ့ရာ တမောမ၊ တောင်စု(အနောက်)ကျေးရွာများ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့အပြင် ည ၈ နာရီ ၄၄ မိနစ်အချိန်တွင် ကညွတ်ကွင်းအခြေစိုက် ခမရ ၄၃၉ တပ်ရင်းမှ ဘုရားလ ဟောကျေးရွာအုပ်စု၊ ခြောက်အိမ်စုကျေးရွာအတွင်းသို့ လက်နက်ကြီး ဖြင့် ၂ လုံးပစ်ခတ်ခဲ့ရာ အ သက် ၄၂ နှစ်အရွယ် မဇင်မာ၊ အသက် ၁၃ နှစ်အရွယ် မောင်မင်းခန့်လွင်တို့ ၂ ဦးသေဆုံးပြီး အသက် ၄၅ နှစ်အရွယ် ဦးဖြူမင်းထွန်း၊ အသက် ၉ နှစ်အရွယ် မဇင်မာဖြူနှင့် အသက် ၆၂ နှစ်အရွယ် ဦးသိန်း မြင့် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်တစ်လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၇ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ အချိန်တွင် နတ်သံကွင်းမြို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများက ဒရုန်းဖြင့် သပြေကုန်းကျေးရွာအတွင်းသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၃၀ အရွယ် နော်နီသောစေး၏ လက်မောင်းထိမှန်ဒဏ်ရာရရှိခဲ့ပြီး နွားမကြီးတစ်ကောင်လည်း ထိမှန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ထို့နောက် ညနေ ၄ နာရီ မိနစ် ၅၀ အချိန် အကြမ်းဖက်စစ်တပ် ခမရ−၄၃၉ မှ ဘုရားလဟောကျေး ရွာ အတွင်းသို့ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး အသက် ၇၀ အရွယ် ဦးမောင်မြင့်၊ အသက် ၆၉ နှစ်အရွယ် ဒေါ်ရင်သန်း၊ အသက် ၁၃ နှစ်အရွယ် မောင်ဘုန်းမြအောင်နှင့် အသက် ၂၃ နှစ်အရွယ် မတင်ဇာသင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၅ လုံးလည်း မီး လောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၇ ရက် ည ၁၁ နာရီ ၃၃ မိနစ်အချိန်တွင်လည်း ကွင်းချောင်းဝရှိ အကြမ်းဖက်စစ်သားများက လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ မရမ်းစိန်ကျေးရွာအနီးတဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မတ်လ ၈ ရက် နံနက် ၅ နာရီ မိနစ် ၅၀ အချိန်မှ ၇ နာရီ ၅၇ မိနစ်အထိ ကွင်းချောင်းဝရှိ အကြမ်း ဖက်စစ်သားများက လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့ရာ ရင်တိုက်ကုန်းဘုန်းကြီးကျောင်းအနီး ကျ ရောက် ပေါက်ကွဲကြောင်း၊ နံနက် ၈ နာရီမှ ၈ နာရီ ၄၂ မိနစ်အထိ ခမရ ၄၃၉ တပ်ရင်းနှင့် ကွင်း ချောင်းဝရှိ အကြမ်းဖက်စစ်သားများက လက်နက်ကြီး ၉ လုံးပစ်ခတ်ခဲ့ရာ အုန်းပင်စုကျေးရွာ၊ ရင် တိုက်ကုန်းကျေးရွာ၊ ငနွားဆိတ်ကျေးရွာ၊ အညာစုကျေးရွာနှင့် ရေလဲကျေးရွာတို့ အတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့သို့ အကြမ်းဖက်စစ်သာများ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရေလဲကျေးရွာနေ အသက် ၃၉ နှစ် အရွယ် နော်အိအိ ၊ အသက် ၅၁ နှစ်အရွယ် တီးမောင်ချစ်၊ အသက် ၂၄ နှစ်အရွယ် နော်နွယ်ဖော နှင့် အသက် ၃၂ နှစ်အရွယ် စောကပေါ်ထူးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မတ်လ ၈ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် နတ်သံကွင်းမြို့ရှိ အကြမ်းဖက်စစ်သားများက တောင်ပံ ၆ လက်ဒရုန်းဖြင့် ရင်တိုက်ကုန်းကျေးရွာအတွင်းသို့ မီးလောင်ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၇၃ နှစ်အရွယ် ဦးစောတက်စိန် ဦးခေါင်းထိမှန် စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ နံနက် ၈ နာရီ ၄၉ မိနစ် အချိန်မှ ၅၁ မိနစ်အချိန်အထိ ရင်းတိုက်ကုန်းကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီး ၂ လုံးထပ်မံကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ် ၄ လုံး၊ ဆိုင်ကယ် ၁ စီး၊ စက် ၁ စက်နှ့င် အခြားပစ္စည်းမျး ထိခိုက်ပျက်စီးခဲ့ သည့် အပြင် နွား ၂ ကောင်လည် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ရင်းတိုက်ကုန်းကျေး ရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီး ၂ လုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ ရင်းတိုက်ကုန်းကျေးရွာ စာသင် ကျောင်း၊ နေအိမ် ၂ လုံး နှင့် ဆိုင်ကယ် ၁ စီးပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကေအဲန်ယူ−မူးမြို့နယ်၏စီ မံအုပ်ချုပ်မှုနယ်မြေ အတွင်းရှိကျေးရွာအတွင်းသို့ အာ ဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် တနင်္သာရီအခြေစိုက်တပ် ခမရ−၅၈၂ အပါအဝင် စစ်ကောင်စီ ပူးပေါင်းတပ်များမှ ထိုးစစ်ဆင်ဝင်ရောက်ကာ နေ့စဉ်နှင့်အမျှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ သ ဖြင့် ကျေးရွာပေါင်း ၁၈ ရွာ၊ အိမ်ခြေပေါင်း ၁၉၈၅ အိမ်အတွင်းနေထိုင်ကြသော လူဦးရေ စုစု ပေါင်း ၁၀၉၆၄ ဦးမှ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန် ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article