ကျောက်တံခါးမြို့နယ်၊ ဖအိုရွာရှိ လက်နက် ကိုင်ဆောင်ထားသော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ မတ် ၉
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖအိုရွာနေ လက်နက် ကိုင်ဆောင်ထားသော ပျူစောထီး လှဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၆ ရက် ညနေ ၅ နာရီ မိနစ် ၃၀ ခန့်က ကျောက်တံခါးမြို့နယ်၊ ဖအိုရွာနေ ပျူစောထီး လှဦးကို မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း မိုင်တိုင် ၁၉ တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ ဖမ်းဆီးရရှိခဲ့ပြီး မိုင်တိုင် ၂၀ အရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ နေရာမှာပင် သေ ဆုံးသွားကြောင်း သိရသည်။
“အဲပျူခွေးက လက်နက်ကိုင်ဆောင်ထားတာ သူက ပြည်သူရော တော်လှန်ရေးအဖွဲ့တွေပါ ဒုက္ခပေးသူမို့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖအိုရွာက ပြည်သူတချို့ သူ့ကြောင့်ထွက်ပြေးနေရတယ်။ သူ့ကြောင့် ကျွန်တော်တို့ ရဲဘော်တချို့ ဖမ်းဆီးခံရတာ လက်နက်ခဲယမ်းတွေ ဆုံးရှုံးတာရှိတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ပျူစောထီး လှဦးသည် ကျောက်တံခါးမြို့နယ်က နံမည်ကြီး စစ်ကောင်စီထောက်တိုင် မြိုချောင်း အုပ် ကြီး ထွန်းထွန်းနိုင်၏ ညာလက်ရုံးဖြစ်ပြီး ၄င်းသည် ဒေသနေပြည်သူများအား စစ်ကောင်စီ တပ်ဖွဲ့ထံ မမှန်သတင်းပေး၍ ဖမ်းဆီးခိုင်းခြင်း၊မြိုချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းတွင် လှုပ်ရှား သွားလာနေ ကြ သည့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများအားစစ်ကောင်စီထံ ထောက်လှမ်း ပေးပို့ ဖမ်းဆီး ခိုင်းတို့ကြောင့် အရေးယူရခြင်းဖြစ်ကြောင်း သိရသည်။