25 C
Yangon

ရေဖြူရှိ စစ်တပ်၏ မောရဝတီ ရေတပ်ဌာနချုပ်နှင့် မြိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရေဖြူရှိ စစ်တပ်၏ မောရဝတီ ရေတပ်ဌာနချုပ်နှင့် မြိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၉

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မောရဝတီရေဌာနချုပ်၊ သင်္ဘောဆိပ်တွင် လုံခြုံရေးယူနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ဒေါနတပ်ခွဲ ၆ (ဝေဟင်တပ်ဖွဲ့) ထံမှ သိရသည်။

ယမန်နေ့ မတ်လ ၈ ရက် နံနက် ၈ နာရီခန့်က ရေဖြူမြို့နယ်၊ မောရဝတီရေတပ်ဌာနချုပ်၊ သင်္ဘော ဆိပ်၌ လုံခြုံရေးယူနေသော အကြမ်းဖက်စစ်သား ၂၅ ဦးခန့်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး ဒရုန်းတစ်စီးပျက်စီးခဲ့သဖြင့် ဗုံးသီး ၂ လုံးသာ ကျဲချနိုင်ခဲ့ကြောင်း သိရ သည်။

ထိုသို့ ကျဲချနိုင်ခဲ့သည့် ဗုံးသီး ၂ လုံးသည် စစ်ကောင်စီတပ်စခန်းပေါ်သို့ တည့်တည့် မတ်မတ် ကျဲချ နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း၊ ဗုံးကျဲ တိုက် ခိုက်ပြီးနောက်အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတော နယ်‌မြေရဲစခန်းနှင့် ကန်နီရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းEarthquake People’s Defence Force ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်နှင့် မတ်လ ၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် မီးလောင်ဗုံး ၄ လုံး ဗုံးသီး ၄ လုံး တို့ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြိုင်မြို့နယ် ကန်နီပျူစောထီးရွာကို တော်လှန်ရေးများက ထပ်မံပြီး ဒရုန်းဖြင့် မီးလောင်ဗုံး ၃ လုံး ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် U.A.V Droneတပ်ဖွဲ့ ၊ M.P.L တိုက်နယ် ၄ ပကဖ ၊ တိုက်နယ် ၃ ပကဖ ၊ Earthquake People’s Defence Force နှင့် နဂါးနီ တပ်ခွဲ ၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article