25 C
Yangon

ရန်ကုန်မြို့လယ်ရှိ လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးမှု အဓိက ဦးဆောင်နေသည့် MEC အရာရှိများ ၏ မြ၀တီရိပ်သာအိမ်ရာကို ဖောက်ခွဲတိုက်ခိုက်

Must read

ရန်ကုန်မြို့လယ်ရှိ လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးမှု အဓိက ဦးဆောင်နေသည့် MEC အရာရှိများ ၏ မြ၀တီရိပ်သာအိမ်ရာကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်၊ မတ် ၁၀

ရန်ကုန်မြို့လယ်ရှိ လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးမှု အဓိက ဦးဆောင်နေသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အရာရှိများ နေထိုင်သော မြ၀တီအရာရှိရိပ်သာအိမ်ရာကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၅ နာရီအချိန် စစ်ကောင်စီလက်အောက်ခံ MEC လေယာဉ်ဆီဌာနမှ အရာရှိကြီးတွေအများစုနေထိုင်သည့် ရန်ကုန်မြို့လယ်ခေါင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းပေါ်ရှိ မြဝတီအရာရှိရိပ်သာကို ရန်ကုန်တိုင်းပကဖ အထူးတပ်ဖွဲ့က ပြင်းအားမြင့်ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါနေရာသည် စစ်တပ်ဧရိယာဖြစ်ပြီး အောင်ဆန်းကွင်းနှင့် ထွေအုပ်ရုံးများတွင် စစ်တပ်က တပ်စွဲထားကြောင်း၊ ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ဧရိယာအနီးတွင် စစ်တပ်ဈေးလည်းရှိနေကြောင်း၊ ရန်ကုန်မြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်အတွက် နေရာတိုင်းဟာ အချိန်မရွေးစစ်မြေပြင်ဖြစ်နိုင်သည်ကို အသိပေးလိုသည့်အတွက် ဖောက်ခွဲတိုက်ခိုက်မှုများကို စနစ်တကျပြင်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ယခုတိုက်ခိုက်မှုသည် တိုင်းရင်းသားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထားတိုက် ခိုက်နေသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိက လေယာဉ်ဆီတင်သွင်း ဖြန့်ဖြူးနေသော မြန်မာ့စီးပွားရေးကော်ပရေးရှင်း MEC က အရာရှိတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ပကဖ အထူးတပ်ဖွဲ့၏ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုများပြီး ယခုလက်ရှိတွင် ရန်ကုန်မြို့လယ် အထက်ပန်းဆိုးတန်းလမ်းအား ပိတ်ဆို့ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ-မြ၀တီအရာရှိရိပ်သာ ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article