25 C
Yangon

မြင်းမူရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး ၊ ရဲများ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

မြင်းမူရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး ၊ ရဲများ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ မတ်လ ၁၀

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ မြို့မရဲစခန်းမှ ထွက်လာသော ရဲများကို လက်ပစ်ဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ရဲများ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ ကြောင်း True Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၈ ရက်နေ့ ည ၁၀ နာရီခွဲခန့်အချိန် မြင်းမူမြို့၊ မြို့မရဲစခန်းမှ ရဲ ၅ ဦးသည် မြန်မာ့စီးပွားရေး ဘဏ်ရုံးတွင် ကင်းချိန်းရန် ဆိုင်ကယ် ၂ စီးဖြင့် ထွက်ခွာလာစဉ် မြင်းမူမြို့ကျောက်တိုင်အနီးအရောက် မြို့ပြ ပြောက်ကျားရဲဘော်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ရဲ ၃ ဦးစီးလာသည့် ဒုတိယမြောက်ဆိုင်ကယ်ကို ထိမှန်ခဲ့ပြီး ရဲ ၁ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးကာ ၂ ဦးအပြင်းအ ထန်ဒဏ်ရာဖြင့် ဆေးရုံပို့ဆောင်ထားကြောင်း သိရသည်။

“ည ၁၀ နာရီခွဲ ဘဏ်ရုံးမှာသွားပြီး ကင်းချိန်းနေကြ၊ အဲဒါကြောင့် ကျောက်တိုင်နားကနေ စောင့်ဆိုင်း ပြီးတော့ ဗုံးသီးအစစ်နဲ့ပစ်ခတ်ခဲ့တယ်၊ ရှေ့ဆိုင်ကယ်က ၂ ဦး၊ နောက်ဆိုင်ကယ်က ၃ ဦးစီးလာတာ၊ နောက်ဆိုင်ကယ်ကိုမှန်တယ်၊ မှန်ပြီးချက်ချင်းပဲ ဗုံးကပေါက်ကွဲခဲ့တာ၊ ပေါက်ကွဲမှုကလည်း ပြင်းထန် တယ်၊ အဲဒီအချိန်မှာက မြင်းမူမြို့ပေါ်မှာ မီးပျက်နေတဲ့အချိန်ဆိုတော့ ကျနော်တို့အတွက်က အ ကောင်း ဆုံးအချိန်တစ်ခုကို ရောက်ရှိသွားတာပေါ့၊ သေတဲ့တစ်ဦးကတော့ မြင်းမူမြို့ရဲစခန်းပေါက်မှာ နာရေးအခမ်းအနားပြင်ဆင်ထားတယ်၊ ကျန်တဲ့ ၂ ဦးကတော့ ဆေးရုံတင်ထားတယ်လို့ သိရပါတယ်” ဟု True Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို TRUE Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့ နှင့် ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်တပ် လက်အောက်ခံရဲများ၏ ရမ်းသမ်းပစ်ခတ်မှု ကြောင့် နေအိမ်အတွင်း ထိုင်နေသော အမျိုးသမီးတစ်ဦးပေါင်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ အပြင် မတ်လ ၉ ရက် နံနက် ၅ နာရီခွဲခန့်၌ ဗုံးခွဲတိုက်ခိုက်ခံရသည့် ဆိုင်ကယ်ပျက်ကိုလာယူပြီး စစ် ဆေးစဉ် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ဗုံးပေါက်ကွဲပြီးတော့ စစ်ခွေးတွေဘက်က ရမ်းသမ်းပစ်တဲ့အချိန်မှာ ကျောက် တိုင်အနီး ကျောင်း ကြီးပေါ်နဲ့ ခပ်စောင်းစောင်းလေးမှာ တိုက်တစ်တိုက်ရှိတယ်၊ အဲဒီတိုက်က ဘွားတော်ရဲ့ပေါင်ကို ထုတ် ချင်းပေါက်မှန်တယ်၊ မနက်စော စော ဆိုင်ကယ်ကို လာယူတဲ့အချိန်မှာ ထပ်ပြီးတော့ ရမ်းသမ်း ပစ်ခဲ့တဲ့အချိန် မှာ ပြည်သူ တစ်ယောက်သေတယ်၊” ဟု True Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article