37 C
Yangon

မြင်းခြံမှ စစ်သားများ လိုက်ပါလာသည့် ကားတစ်စီးကို ကြိုတင်သတင်းရ၍ လမ်းတွင် စောင့်ကြို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး ပြီး သေနတ် ၆ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိ

Must read

မြင်းခြံမှ စစ်သားများ လိုက်ပါလာသည့် ကားတစ်စီးကို ကြိုတင်သတင်းရ၍ လမ်းတွင် စောင့်ကြို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး ပြီး သေနတ် ၆ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၁၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့မှ စစ်သားများလိုက်ပါလာသည့် ကားတစ်စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း MGN 35 ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က မြင်းခြံမြို့မှ စစ်သား ၆ ဦးစီးနင်းလိုက်ပါလာသော ကား တစ်စီးကို ကြိုတင် သတင်းအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်သား ၆ ဦးစလုံး သေဆုံးပြီး ၎င်းတို့ကိုင်ဆောင်သော သေနတ် ၆ လက်နှင့်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရရှိသော လက်နက်များမှာ MA1 သေနတ် ၁ လက်၊ MA2 သေနတ် ၁ လက်၊ MA3 သေနတ် ၁ လက်၊ G3 သေနတ် ၁ လက်၊ Type 81 အမျိုး အစား သေနတ် ၁ လက် ၊ MA5 သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည် ၉၆ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၈၄ တောင့်၊ G3 ကျည် ၁၃၅ တောင့်၊ MA ကျည်ဘောက် ၄ ဘောက်၊ G3 ကျည်ဘောက် ၆ ဘောက်၊ Type 81 ကျည်ဘောက် ၂ ဘောက်၊ MA5 ကျည်ဘောက် ၁ ဘောက်၊ ဖုန်း ၄ လုံး – Redmi 8၊ Techno၊ Redmi Note 9၊ Redmi ၊ ပါဝါဘဏ် ၁ လုံး၊ စကားပြောစက် ၁ လုံးနှင့် ပိုက်ဆံ ၅ ထောင် သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၈၁၅ PLA တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့ (PLA) စုပေါင်းအင်အား၊ မြင်းခြံ 35 တပ်ဖွဲ့နှင့် BGF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ညနေပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article