25 C
Yangon

ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၃

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။

မတ်လ ၁၂ ရက်နေ့ ည ၁၀ နာရီ ခွဲခန့်တွင် မာန်အောင်မြို့နယ်၊ ခအုံးမော်-ကွမ်းသီးချောင်းဝ နှင့် ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ ကျောက်ဦးမော် အကြားတွင် ကျောက်ချထားသော အကြမ်းဖက် စစ်တပ်၏ F-23 ဖရီးဂိတ် နေဗီ က ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ကျည် ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် နေဗီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တဖက်ရွာရှိ ဦးမောင်ခင်နု နေအိမ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးမောင်ခင်နု၊ ဒေါ်မေအောင်နှင့် ဒေါ်စောတင် တို့ ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ဦးမောင်ခင်နု နှင့် ဒေါ်စောတင် တို့ကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရပြီး ယနေ့ မတ်လ ၁၃ ရက်နေ့တွင် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ဦးမောင်ခင်နု သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဦးမောင်ခင်နု၏ နေအိမ်မှာ ပြိုပျက်ပျက်စီးသွားပြီး နွား ၁ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အပါအဝင် အဘက်ဘက်တွင် ရှုံးနိမ့်နေသာ‌ အကြမ်းဖက် စစ်ကောင်စီသည် မြေပြင် တိုက်ပွဲများတွင် အရေးနိမ့်တိုင်း အရပ်သား ပြည်သူများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်မှုများ၊ မြို့ရွာများကို ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကျဲခြင်းများ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို တရက်ထက်တရက် ပိုမို လက်ရဲဇက်ရဲ လုပ်နေသောကြောင့် ရခိုင်ပြည်သူများ အနေဖြင့် ရက်စက် ကြမ်းကြုတ်သော အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းရန်၊ ရေကြောင်းရန်နှင့် လက်နက်ကြီးရန်များကို မိမိကိုယ်ကို ကာကွယ်နိုင်ရေ နည်းလမ်းများ အထူးသတိထား လုံခြုံစွာ သွားလာနေထိုင်ကြရန် ရခိုင်အမျိုးသား အဖွဲ့ချုပ်/ရခိုင်တပ်တော်က သတိပေး ထုတ်ပြန်ထားသည်။

အဆောက်အအုံ တစ်ခုတည်းအတွင်း လူအစုလိုက်အပြုံလိုက် သတိပေါ့လျော့စွာ နေထိုင်ခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်းရှားကြရန် ရခိုင် အမျိုးသားအဖွဲ့ချုပ်/ရခိုင်တပ်တော်က တိုက်တွန်းထားသည်။

Photo credit – Arakan Princess Media

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article