25 C
Yangon

ဆီဆိုင်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံး၊ စစ်တပ်က လေ ကြောင်းမှ ဗုံးကျဲခြင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကြောင့် ဘုန်းကြီးကျောင်းနှင့်ကျေးရွာများ ပျက်စီး

Must read

ဆီဆိုင်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံး၊ စစ်တပ်က လေ ကြောင်းမှ ဗုံးကျဲခြင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကြောင့် ဘုန်းကြီးကျောင်းနှင့်ကျေးရွာများ ပျက်စီး

ရန်ကုန်၊ မတ် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးကြောင်း PNLA က တရားဝင်သတင်းထုတ်ပြန်သည်။

မတ်လ ၁၅ ရက်နေ့ ဆီဆိုင်မြိုနယ် အနောက်ဘက်တစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ တပ်ဖွဲဝင် ၂ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း၊ စစ်တပ်က ဆိုက်ခေါင်စံပြကျေးရွာနှင့် ဆီဆိုင်မြိုအရှေ့မြောက်ဘက်ရှိ မွေတော်ဘုရားကုန်းတွင် တပ်စွဲပြီး ဆီဆိုင်မြိုတွင်းသို လက်နက်ကြီးများ ပစ်ခတ်ပြီး မြိုကိုဆက်လက်ဖျက်ဆီးနေကြောင်း PNLA က ဆိုသည်။

မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီက ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာဘုန်းတော်ကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းထိခိုက်ပျက်စီးခဲ့ရကြောင်း၊

အလားတူ ယမန်နေ့ ညနေခင်း ၅ နာရီအချိန်တွင်လည်း စစ်ကောင်စီသည် ထမ်းယံကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာအတွင်းသို မီးလောင်ဗုံးဖြင့် လေးကြိမ် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်မှုကြောင့် ထမ်းယံကျေးရွာအတွင်းရှိ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article