30 C
Yangon

ဝေါမြို့နယ်၊ ငှက်ပျော်တပင်သောင်တွင် စစ်တပ်ထောင်ထားသော မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် မောင်ကောင်းပြည့်ဖြိုး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

Must read

ဝေါမြို့နယ်၊ ငှက်ပျော်တပင်သောင်တွင် စစ်တပ်ထောင်ထားသော မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် မောင်ကောင်းပြည့်ဖြိုး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၆

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ငှက်ပျော်တပင်သောင်တွင် စစ်တပ်ထောင်ထားသော မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် မောင်ကောင်းပြည့်ဖြိုး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၈ မိနစ်အချိန် ပဲခူးတိုင်း ၊ ဝေါမြို့နယ်၊ ကျွန်းရွှေဝါအုပ်စု ၊ ငှက်ပျောတပင် သောင် အရှေ့ဘက်ခြမ်း စစ်တပ်ထောင်ထားသော မိုင်းပေါက်ကွဲ၍ ကလေးငယ် ၂ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ထိခိုက်ခဲ့သော ကလေးများ မှာ ဝေါမြို့နယ် ၊ အုတ်ဖို ၁ ကျေးရွာ တွင် နေထိုင်သော

ဦးသောင်းဟန်နှင့် ဒေါ်ကေသီ၏ သား အသက် ၅ နှစ်အရွယ် မောင်ကောင်းပြည့်ဖြိုး နှင့် အခြားကလေး ၁ ဦးတို့ ဖြစ်ကြောင်း၊ အမျိုးသား ၁ ဦးမှာလည်း အနည်းငယ် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“မောင်ကောင်းပြည့်ဖြိုးက မျက်လုံး နှင့် ကိုယ်လုံး မိုင်းအစ မှန်တယ်။ အဲဒါ ပဲခူးဆေးရုံတင်ပို့တာမှာ မိုင်းထိမှန် ဒဏ်ရာတွေနဲ့ ပဲခူးဆေးရုံမှာ သေဆုံးပါတယ်။ ကလေး မှာ ဗိုက်ကနေ မျက်နှာ အထိ အရေပြားပျက်စီး ပေါက်ပြဲ

ဒဏ်ရာတွေနဲ့ ဆေးကုသမှု ခံယူရင်း သေဆုံးပါတယ်။ ကျန်တဲ့ကလေးကတော့ သက်သာပါတယ်။ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကလေးငယ်များကို ထိမှန်သော မြေမြုပ်မိုင်းမှာ ပဲခူး ဘောနက်ကြီး အခြေစိုက် အမြောက်တပ် ၂၀၅ မှ စစ် ကြောင်းက ဇန်နဝါရီလ ၃၁ ရက်နေ့ ဝေါမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးစဉ် ထောင်ထားခဲ့သော မိုင်းဖြစ် ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ဝေါမြို့နယ်၊ ကျွန်းရွှေဝါအုပ်စု ၊ ငှက်ပျောတပင် သောင် အရှေ့ဘက်ခြမ်း သို့ စစ်ကြောင်းထိုးပြီး ပြည်သူများ၏ ပစ္စည်းများကို လုယက်ကာ နေအိမ်များကို ဖျက်ဆီးသွားသော စစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article