25 C
Yangon

ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

Must read

ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း မတစ်ထောင် (တစ်ကောင်ဘွား) ဒီပဲယင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ် နှင့် ညနေ ၄ နာရီ ၅ဝ မိနစ်ခန့်တွင် ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် ထိုင်ချ တပ်စွဲထား‌သော အထက ၁ ကျောင်း အ‌ပေါက်ဝ ၊ မြို့နယ်ပညာရေးမှူးရုံး၊ ရေဦးတိုင်းရင်း‌ဆေးရုံ နှင့် ကြာဖူးအဝိုင်းရှိ စစ်တပ်ဂိတ် တို့ကို တော်လှန်ရေး တပ်ဖွဲ့များက Fixed Wings Drone များဖြင့်‌ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး အပါအဝင် ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၈ ဦး ထက်မနည်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့‌ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး ၆ဝ မမ ၁ လုံး၊ လက်နက်ငယ် များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်းယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး ၆ဝ မမ ၁ လုံး၊ လက်နက်ငယ် များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့သော်လည်း Drone ၁ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၆ ရက်‌‌နေ့ နံနက် ၁ဝ နာရီ ၃၀ မိနစ်ခန့်တွင် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရဲစခန်း၊ ရဲစခန်းအနီး ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများနှင့် လက်နက်ကြီး အထိုင်ချရာ နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက Fixed Wings Drone များဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၅‌‌ ဦး ထက်မနည်း ဒဏ်ရာရရှိ‌ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များ၊ လက်နက်ကြီး ၆ဝ မမ များဖြင့် ၁၂ ကြိမ်တိတိ ပြန်လည်ပစ်ခတ်ရာ စိုင်ပြင်မြို့အနောက်ဘက်သို့ ကျရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မတစ်ထောင် (တစ်ကောင်ဘွား) ဒီပဲယင်း အဖွဲ့၊ ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဝက်လက်)၊ SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Team6 Drop For Justice -DFJ အဖွဲ့၊ ရွှေဘိုခရိုင်အမှတ်၁၅တပ်ရင်း Eagle Guerrilla Force (ဗိုလ်ကောက်ရိုး)၊ Yaung Ni ShweBo ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မင်းသားကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့(ဝက်လက်)၊ အရာတော်မြို့နယ် ပလဖ၊ TTA(Shwebo)၊SRF(rambo)၊ ရွှေဘိုခရိုင်(ပကဖ)နှင့် ဒီပဲယင်းမြို့နယ် (ပကဖ) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article