25 C
Yangon

မုံရွာ-အရာတော် လမ်းပိုင်းတွင် ဟောင်ဝှစ်ဇာ လက်နက်ကြီး တင်လာသည့် ၁၂ ဘီးကားကို မိုင်းဆွဲပြီး သင်္ချိုင်းကုန်း အနီး ကင်းပုန်းဝပ်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မုံရွာ-အရာတော် လမ်းပိုင်းတွင် ဟောင်ဝှစ်ဇာ လက်နက်ကြီး တင်လာသည့် ၁၂ ဘီးကားကို မိုင်းဆွဲပြီး သင်္ချိုင်းကုန်း အနီး ကင်းပုန်းဝပ်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၂

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော် လမ်းပိုင်းတွင် ဟောင်ဝှစ်ဇာ လက်နက်ကြီး တင်လာသည့် ၁၂ ဘီးကားကို မိုင်းဆွဲပြီး သင်္ချိုင်းကုန်း အနီး ကင်းပုန်းဝပ်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Ayadaw Rocket LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာတော်မြို့ကို ဟောင်ဝှစ်ဇာ လက်နက်ကြီး တင်ဆောင်လာသော ၁၂ ဘီးကား ၁ စီးကို Ayadaw Rocket LPDF မှ ပဒေသာမိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၂ ဘီးကားခေါင်းပိုင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်၏ ကင်းပုန်းများက ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထို့နောက် မုံရွာ-အရာတော် လမ်းပိုင်း တစ်လျှောက် လုံခြုံရေးယူပေးနေသော ကျွန်ဖိုပင်ရွာ သင်္ချိုင်းကုန်း အနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း Ayadaw Rocket LPDF က ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးသေစာရင်းကတော့ စုံစမ်းနေတုန်းပါပဲ။ နမခကနေ အရာတော်ကို ဟောင်ဝှစ်ဇာ လက်နက်ကြီးတင်လာတာပါ။ အရာတော် လေ့ကျင့်ရေး ၁၀ ကနေ ဒီနေ့ လက်နက်ကြီး ၃ လုံး စမ်း ပစ်နေတယ်လို့ သိရတယ်” ဟု Ayadaw Rocket LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Ayadaw Rocket LPDF ၊ BGS Drone Force Ayadaw ၊ မိုင်းမင်းသားမြေအောက်ပျောက်ကြားတပ်ဖွဲ့ ၊Danger Force LPDF ၊ တိုက်နယ် ၁၁ နှင့် တိုက်နယ် ၄ ၊ AMTမြေပြင်ပျောက်ကြားတပ်ဖွဲ့နှင့် မုံရွာခရိုင်တပ်ရင်းများက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article