32 C
Yangon

မိုးမောက်မြို့နယ်၊ နောင်ကွန်ကျေးရွာအခြေစိုက် အမြောက်တပ်ရင်း အမှတ် ၃၇၀ ကို KIA က သိမ်းပိုက်ရရှိ

Must read

မိုးမောက်မြို့နယ်၊ နောင်ကွန်ကျေးရွာအခြေစိုက် အမြောက်တပ်ရင်း အမှတ် ၃၇၀ ကို KIA က သိမ်းပိုက်ရရှိ

ရန်ကုန်၊ မတ် ၂၃

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နောင်ကွန်ကျေးရွာအခြေစိုက် အမြောက် တပ်ရင်း အမှတ် ၃၇၀ ကို KIA က သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး မိုးမောက်မြို့နယ်၊ နွယ်မလန်းကျေးရွာအနီးရှိ ခမရ ၄၃၈ တပ်ရင်း၊ အမှတ် ၆၁၆ ဒုံးတပ်ရင်း၊ နောင်ကွန်အမှတ် ၃၇၀ အမြှောက်တပ် တို့ကို KIA ဦးဆောင်သော မဟာမိတ်တပ်များက စ တင် တိုက်ခိုက်ခဲ့ ကြောင်း၊ မတ်လ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် တွင် ခမရ ၄၃၈ တပ်စခန်းကိုလည်းကောင်း၊ မတ်လ ၂၁ ရက်နေ့ ည ၇ နာရီအချိန်တွင် အမှတ် ၆၁၆ ဒုံးတပ်ရင်းကိုလည်းကောင်း အသီးသီး သိမ်းပိုက်ရရှိကြောင်း၊ မတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင် နောင်ကွန်ကျေးရွာအခြေစိုက် အမြောက်တပ်ရင်း အမှတ် ၃၇၀ တပ်ကိုလည်း KIA က တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

“ဒီမနက် ၇ နာရီ ၁၀ မိနစ်မှာ အမြောက်တပ် ၃၇၀ တပ်ရင်းဌာနကို သိမ်းလိုက်ပါတယ်။ စစ်ခွေးတွေ အကုန်ထွက်ပြေးပါတယ်”ဟု KIA သတင်းရင်းမြစ်က ပြော ဆိုသည်။

KIA က သိမ်းပိုက်ရရှိထားသော စစ်ကောင်စီ တပ်စခန်းများသည် မဟာဗျူဟာအရ အချက် အချာကျပြီး နယ်မြေစိုးမိုးရေးနှင့် စစ်ရေးအတွက် အလွန်အရေး ကြီးသော နေ ရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်စခန်း ၅၀ နီးပါးကို သိမ်းပိုက်ရရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article