30 C
Yangon

ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာတွင် စစ်သားများနှင့် ပျူစောထီးများ အစည်းအဝေး ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာတွင် စစ်သားများနှင့် ပျူစောထီးများ အစည်းအဝေး ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာတွင် အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ အစည်းအဝေး ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း X FORCE – LPDF – ShweBo အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ် ပန်းရံကျေးရွာရှိ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ အစည်အဝေး ပြုလုပ်နေစဉ် တော်လှန်ရေး တပ်ပေါင်းစုများက Fixed Wings (မောင်းသူမဲ့လေယာဉ်) ဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသောကြောင့် စစ်သားများနှင့် ပျူစောထီးများက လက်နက်ငယ်များဖြင့် ပစ်ခတ်သောကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ပျူခွေး၊ စစ်ခွေး ၂ကောင်သေ ၂ကောင် အပြင်းအထန်ဒဏ်ရာရ ဒဏ်ရာရတဲ့ ၂ကောင်ကို မန်းလေးကိုပို့တယ်လို့ကြားရတယ်ဗျ ထိခိုက် ပျက်စီးမှုတွေလည်း ရှိတယ် ကျွန်တော်တို့ဘက်က fixed wing ၁ စီးဆုံးရှုံးခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ ပစ္စည်းလေးတွေ ပြန်ဝယ်ဖို့ ရန်ပုံငွေ လိုအပ်နေပါတယ်” ဟု X FORCE – LPDF – ShweBo အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို X FORCE – LPDF – ShweBo (drone) တပ်ဖွဲ့၊ Shwebo Crocodile ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့၊ Buffalo Soldier Freedom Force (drone) အဖွဲ့၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ သိခ်အားမာန်၊ ဗိုလ်လင်းရောင် (ဒပယ)၊ ဇာမဏီဒေါင်း (ဒပယ)၊ ရွှေဘိုမြို့နယ် တန(၂) တပ်ပေါင်းစုတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စစ်ရေးရှိန် မြှင့်တင်နိုင်ရန် ပြည်တွင်း ပြည်ပ ထောက်ပို့များ အနေဖြင့် ဝိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံကြောင်း X FORCE – LPDF – ShweBo အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article