ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီ တပ်သားများ မိုင်းရှင်းနေစဉ် မိုင်းထကွဲပြီး ၁ ဦးသေဆုံး၊ ရေလာလေးရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ပျူစောထီး ၁ ဦး သေဆုံး
ရန်ကုန်၊ မတ် ၂၇
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မိုင်းရှင်းနေစဉ် မိုင်းထကွဲပြီး အကြမ်းဖက် စစ်သား ၁ ဦးသေဆုံး ခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မတ်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ ညောင်ပင်လှ လမ်းခွဲအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထောင်ထားသည့် မိုင်း ၂ လုံးကို အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ရှင်းလင်းနေစဉ် မိုင်းထကွဲပြီး ပျူစောထီး ၁ ဦးနေရာ၌ပင် ပွဲချင်းပြီးသေဆုံးကာ စစ်သား ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ပခုက္ကူမြို့နယ်၊ ရေလာလေး ပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးသီး ၂၅ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ရေလာလေး ကျေးရွာမှ ပျူစောထီး ကျော်ခိုင်ဆိုသူ ဆီးခုံထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ Black Cobra၊ DMG တပ်ဖွဲ့၊ MRTF ၊ Young Force UG နှင့် ကမ္မ underground PDF ကမ္မ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။