30 C
Yangon

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာကို ခလရ ၅၅၇ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာကို ခလရ ၅၅၇ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၈

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာကို အကြမ်းဖက် စစ်တပ်၏ ခလရ ၅၅၇ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၅၅၇ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် လယ်တောင်ယာရွာကို ကျရောက်ခဲ့ကြီး ကျေးရွာနေပြည်သူ မကင်းကို ကျည်စ ထိမှန်ကာ ပြင်းထန်ဒဏ်ရာများဖြင့် မြိတ်မြို့ဆေးရုံတွင် ဆေးကုသမှု ပြုလုပ်နေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

“တနင်္သာရီမြို့နယ် ခလရ ၅၅၇ တပ်ရင်းက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်လို့ လယ်တောင်ယာရွာက အမျိုးသမီး ၁ ဦး ကျည်စထိမှန်ပြီး ပြင်းထန်ဒဏ်ရာရတယ်။ မြိတ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတုန်း သေဆုံးသွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ထိတွေ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်း PDF တပ်ဖွဲ့များ ရှိနေသည်ဟုဆိုကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လယ်တောင်ယာရွာသည် တနင်္သာရီမြို့နှင့် ၃ မိုင်ခန့်က ကွာဝေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article