37 C
Yangon

မတ္တရာတွင် စစ်မှုထမ်းဆင့် ခေါ်ရေး လုပ်ငန်းများ လုပ်ဆောင်ပြီးနောက် လက် ဖက်ရည်ဆိုင်ထိုင် နားနေသည့် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပိုက်ထွေး ပစ်ခတ်ခံရပြီး သေဆုံး

Must read

မတ္တရာတွင် စစ်မှုထမ်းဆင့် ခေါ်ရေး လုပ်ငန်းများ လုပ်ဆောင်ပြီးနောက် လက် ဖက်ရည်ဆိုင်ထိုင် နားနေသည့် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပိုက်ထွေး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်မှုထမ်း ဆင့်ခေါ်ရေးအတွက် လူငယ်များကို လိုက်လံစုဆောင်းမှုများ လုပ်ဆောင်ပြီးနောက် လက်ဖက်ရည်ဆိုင်ထိုင်နားနေသည့် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပိုက်ထွေး ပစ်ခတ်ခံရ ပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် စစ်တပ်ထောက်ခံသော သတင်းဌာနများထံမှ သိရှိရသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် မတ္တရာမြို့နယ် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပိုက်ထွေးသည် စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ပြီးနောက် ဆိုရှယ်လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် သောက် နားနေစဉ် ပစ်ခတ်ခံရကြောင်း၊ လူငယ် ၃ ဦးက လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ မနက်အစောကြီး ဆေးစစ်ရမယ့် စစ်မှုထမ်းဆင့်ခေါ်တဲ့စာတွေကို လိုက်ပို့ပြီး အပြန် လက်ဖက်ရည်ဆိုင် ဝင်ထိုင်တာ။ အဲဒီမှာ အပစ်ခတ်ခံရတာလို့ ပြောတယ်။ စစ်မှုထမ်းခေါ်ဖို့ တက်ကြွနေတာ သူက ထိပ်ဆုံးကပဲ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပစ်ခတ်ခံရပြီး သေဆုံးသူ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပိုက်ထွေးသည် သေဆုံးချိန်တွင် အသက် ၆၂ နှစ်ရှိနေပြီဖြစ်ပြီး ပစ်ခတ်ခံရမှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်တပ်က မြို့နှင့်လမ်းများကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article