25 C
Yangon

မုံရွာမြို့၊ မြို့တော်ခန်းမတွင် တပ်စွဲထားသော စစ်သားများက ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်နှင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင် တို့ကို ရိုက်နှက် နှိပ်စက်မှုကြောင့် ကိုအောင်ကျော်ဇင် ကျဆုံး

Must read

မုံရွာမြို့၊ မြို့တော်ခန်းမတွင် တပ်စွဲထားသော စစ်သားများက ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်နှင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင် တို့ကို ရိုက်နှက် နှိပ်စက်မှုကြောင့် ကိုအောင်ကျော်ဇင် ကျဆုံး

ရန်ကုန်၊ မတ် ၃၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် တပ်စွဲထားသော စစ်သားများက ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်နှင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင် တို့ကို ရိုက်နှက် နှိပ်စက်မှုကြောင့် ကိုအောင်ကျော်ဇင် ကျဆုံးခဲ့ကြောင်း မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။

မတ်လ ၂၇ ရက်နေ့တွင် မုံရွာမြို့ အမှတ် ၁ ရဲစခန်း၌ မတရားဖမ်းဆီး ထိန်းသိမ်း ခံထားရသော အကျဉ်းသား ၁ ဦးကို တရားရုံးမှ ရဲစခန်း အချုပ်သို့ ပြန်လည် ခေါ်ဆောင်လာစဉ် တရားမဝင် ပစ္စည်း သယ်ဆောင်လာသည် ဟူသော စွပ်စွဲချက်ဖြင့် ရဲတပ်သားများက ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသော ချောင်းဦးမြို့နယ်လူငယ် သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့မှ ကိုယ်ထိလက်ရောက် မတရားနှိပ်စက်ရန် မသင့်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ထိုသို့ ပြောဆိုမှုကြောင့် မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှ စခန်းမှူး ပြည့်လင်းအောင်နှင့် ဒု-ဗိုလ် ကျော်ဝင်းထွန်းတို့မှ ကိုမာန်ဇာမြေမွန် နှင့် ကိုအောင်ကျော်ဇင်တို့ကို အကြမ်းဖက် စစ်တပ် အထိုင်ချထားသော မြို့တော်ခန်းမကို မတ်လ ၂၈ ရက်နေ့တွင် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

ချောင်းဦးမြို့နယ် လူငယ် သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့ကို မြို့တော်ခန်းမအတွင်းရှိ အကြမ်းဖက် စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့သောကြောင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင်သည် မတ်လ ၂၉ ရက်နေ့တွင် မြင့်မြတ်စွာ ကျဆုံးသွားခဲ့ကြောင်း၊ ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်မှာလည်း အကြမ်းဖက် စစ်သားများ၏ ရိုက်နှက် နှိပ်စက်မှုကြောင့် အသက်အန္တရာယ် စိုးရိမ်နေရပြီး ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံး ခံယူရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေများကို အမြဲမပြတ်နားစွင့်ပြီး လိုအပ်သည့် အကူအညီများ ပေးကြရန်နှင့် ယခုဖြစ်စဉ်ကို မှတ်တမ်းတင်ထားရှိပြီး ပြည်သူ့တရားစီရင်ရေးအချိန်ကာလ ရောက်ရှိချိန်တွင် ပါဝင် ပတ်သက်ခဲ့သူများကို တရားဥပဒေနှင့်အညီ အပြစ်ပေး အရေးယူသွားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ပြောဆိုထားသည်။

Photo- အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီးထားသည့် ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article