ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်
ရန်ကုန်၊ မတ် ၃၁
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” ခေါင်းစဥ်နှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လူထုသပိတ်ကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး ယနေ့ မတ်လ ၃၁ ရက်နေ့တွင် အမျိုးသမီးများ၊ လူငယ်များ၊ ဒေသပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။