25 C
Yangon

ဝက်လက်မြို့နယ်၊ ဧရာဝတီမြစ် အတွင်း စစ်တပ်၏ ရိက္ခာပို့ စက်လှေ ၃ စီးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ဝက်လက်မြို့နယ်၊ ဧရာဝတီမြစ် အတွင်း စစ်တပ်၏ ရိက္ခာပို့ စက်လှေ ၃ စီးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ဧရာဝတီမြစ်အတွင်းရှိ ရိက္ခာပို့စက်လှေ ၃ စီးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မတစ်ထောင် တစ်ကောင်ဘွား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ဒီပဲယင်း) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၃၁ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်က ဝက်လက်မြို့နယ်၊ ရှိမ်းမကား ကျေးရွာသို့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဥဒိန်ဘက်မှ ကူးလာသည့် ရိက္ခာပို့ အကြမ်းဖက် စစ်လှေ ၃ စီးကို ရွှေဘိုခရိုင်အမှတ် ၂ တပ်ရင်း ၊ ရွှေဘိုခရိုင်၊ ပ.က.ဖ လှုပ်ရှားတပ်ဖွဲ့ဦးဆောင်မှုဖြင့် Shar Htoo Waw နည်းပညာ တိုက်ခိုက်ရေး ဒရုန်းများဖြင့် ဗုံးသီး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ အနောက်ဘက်ကို ကူးလာတာ၊ ကျနော်တို့ နယ်မြေမဟုတ် တော့ ခွေးသေထိခိုက်မှုတော့ စုံစမ်းနေတုန်းပဲ၊ ကျနော်တို့ ဒရုန်း ၂ စီးဆုံးရှုံးခဲ့တဲ့အတွက် မိဘပြည်သူ တွေကို ထပ်မံအကူအညီတောင်းချင်ပါတယ်” ဟု မတစ်ထောင် တစ်ကောင်ဘွား ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ (ဒီပဲယင်း) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို မတစ်ထောင် တစ်ကောင်ဘွား ပြည်သူ့ကာကွယ်ရေး အဖွဲ့(ဒီပဲယင်း)၊ SHAR HTOO WAWနည်းပညာတပ်ဖွဲ့ Team 6 ၊ Drop For Justice -DFJ အဖွဲ့၊ Yaung Ni Shwebo ပြည် သူ့ကာကွယ်ရေးအဖွဲ့(ရွှေဘို)၊ ကြောင်လက်သည်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ဝက်လက်)၊ နယ်စည်း မခြား ဗိုလ်ပျံလွှား ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဝက်လက်) နှင့် ကိုးတောင်ကျား ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ဝက်လက်) တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article