25 C
Yangon

နတ်တလင်းမြို့နယ်တွင် စစ်တပ်က တပ်စွဲထားသော နေရာကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ပခုက္ကူမြို့ လဝကရုံးကို မိုင်းခွဲ တိုက်ခိုက်မှု လဝက ဝန်ထမ်း ၁ ဦးနှင့် စစ်သား ၁ ဦးသေဆုံး

Must read

နတ်တလင်းမြို့နယ်တွင် စစ်တပ်က တပ်စွဲထားသော နေရာကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ပခုက္ကူမြို့ လဝကရုံးကို မိုင်းခွဲ တိုက်ခိုက်မှု လဝက ဝန်ထမ်း ၁ ဦးနှင့် စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ အောင်ချမ်းသာအောက်သစ် လုံးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က နတ်တလင်းမြို့နယ်၊ အောင်ချမ်းသာ အောက် သစ်လုံးတွင် ယာယီတပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုကို လက်နက်ကြီး၊လက်နက်ငယ်၊ စနိုက် ပါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၂ ဦး စနိုက်ပါ ထိမှန်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေပဲ၊ အခုလက်ရှိအထိတော့ တိုက်ပွဲဖြစ်တဲ့နေရာအနီး တဝိုက်မှာပဲရှိသေးတယ်၊ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်၊ အခုချိန်အထိ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတုန်းပဲ” ဟု နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ် ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များ အပါအဝင် ဒရုန်းများကိုပါ အသုံးပြုတိုက်ခိုက်လာသည့်အတွက် တော်လှန်‌ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက် နစ်နာမှုမရှိစေရန် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ အမှတ် ၁ တပ်ရင်း – ၃၈၀၁ တပ်ခွဲ ၂ PHOENIX D F၊ တပ် ခွဲ ၄ Bamar Revolution Army – BRA နှင့် ပြည်ခရိုင်တပ်ရင်း- ၃၆၀၁ တပ်ခွဲ ၂ AYEYAR NYI NAUNG မဟာမိတ်အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်အတွင်း ဆက်လက်၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် မိဘ ပြည် သူ များအနေဖြင့် အကြမ်းဖက်စစ်သားများအနီးတဝိုက်နှင့် ပဲခူးရိုးမအတွင်းသို့ ခရီးသွားလာခြင်း မပြု ကြပါရန် နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့က မေတ္တာရပ်ခံ အသိပေးထားသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့လဝကရုံးအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လဝက ဦးစီး မှူးနှင့် လုံခြုံရေးစစ်သားများ ကားဖြင့် ဝင်ရောက်လာစဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ လဝက ဝန်ထမ်း ၁ ဦး နှင့် စစ်သား ၁ ဦးသေဆုံးခဲ့ ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၁ ရက်နေ့တွင် နံနက် ၈ နာရီ ၂၆ မိနစ်အချိန်က ပခုက္ကူမြို့၊ လဝကရုံးအတွင်းသို့ အကြမ်း ဖက်စစ်တပ်လက်အောက်ခံ လဝက ဦးစီးအရာရှိနှင့် ၎င်း၏ လုံခြုံရေး စစ်သား ၇ ဦးခန့်သည် အိမ်စီးကား ၂ စီးဖြင့် လဝက ရုံးအတွင်းသို့ ဝင်ရောက်လာစဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ လဝက ဝန်ထမ်း တစ်ဦး၊ လက်နက်ကိုင် စစ်သား ၁ တို့သေဆုံးပြီး အနီးအနားရှိ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ယင်းလဝကရုံးသည် စစ်ကောင်စီလက်အောက်တွင် ပုံမှန်လည်ပတ်လျက်ရှိပြီး လာဘ်ပေးလာဘ်ယူ မှုများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများနှင့် တော်လှန်ရေးတပ်ဖွဲဝင်များ၏ အသက်အိုး အိမ်ကို အကျိုးယုတ်စေရန် ကိုယ်ရေးအချက်အလက်များအား စစ်ကောင်စီတပ်ထံသို့ ပေးပိုကာ ကူ ညီလျက်ရှိကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်သားများကိုလည်း တပ်စွဲထားနေထိုင်လျက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သောရုံးများ၊ စစ်သားများ တပ်စွဲထားသော နေရာ များ အား သွားလာခြင်းမပြုရန် နှင့် စစ်ကောင်စီတပ်၏ ရုံးများ တပ်စွဲသွားသောနေရာများကို ပြောက် ကျား နည်းဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြိုင်ပကဖက အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄ နှင့် The Red Revolters -Pakokku တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article