24.9 C
Yangon

တောင်ငူမြို့နယ်၊ တဲကြီးကျေးရွာသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

Must read

တောင်ငူမြို့နယ်၊ တဲကြီးကျေးရွာသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၆

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်အုပ်စု တဲကြီးကျေး ရွာ အတွင်းသို့ ဝင် ရောက်လာသော အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ မှ သတင်းနှင့်ပြန်ကြား‌ရေး ဌာန တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၃၀ ရက်နေ့က တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်အုပ်စု၊ တဲကြီးကျေးရွာသို့ အင်အား ၁၀၀ ခန့် ဖြင့် စစ်ကြောင်းထိုးလာပြီး ကျေးရွာအတွင်းနှင့်အနီးပတ်ဝန်းကျင်ကို ကင်းပတ်နေစဉ် တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ် မတော်အမှတ် ၃၅၀၁ တပ်ရင်း စစ်ကြောင်းမှ ပင်းပုန်းဝပ်ပြီး ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ရှေ့ပွိုင့် စစ်သား ၂ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပေါင်ထိမှန်ဒဏ်ရာ တစ်ဦး၊ ဝမ်းဗိုက်ထိမှန် ဒဏ်ရာတစ်ဦးနှင့် လက်မောင်းထိမှန် ဒဏ်ရာ အသီးသီးရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးလည်း လက်မထိပ် ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်ခံရပြီးနောက် ကျေးရွာအတွင်း ပိတ်မိနေသော ပြည်သူများကို ဖမ်းဆီးကာ တစ်နေရာ ၌ စုပြုံထားပြီး‌ နေအိမ်များအတွင်းသို့ ဝင်ရောက်မွှေနှောက်ကာ ရွှေ ၊ ငွေ ၊ လက်ဝတ်ရတနာများ အပြင် တန်ဖိုးရှိပစ္စည်းများကို ခိုးယူခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက် ခိုက်ပါက ဖမ်းဆီးထားသော ပြည်သူအားလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့ ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်တိုက်ခိုက်မပြုပဲ အဝေးကနေ အခြေအနေ စောင့်ကြည့်နေခဲ့ရကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ မှ သတင်းနှင့်ပြန်ကြား‌ရေးဌာနတာဝန်ခံက ပြောဆိုသည်။

“ရွာထဲက လူတွေအကုန်လုံးကို စုခိုင်းပြီး အိမ်တွေကို တက်မွှေတာ၊ ရွှေတို့၊ ငွေတို့ ပါသွားတဲ့ အိမ် တွေရှိတယ်၊ ၄ ရက်နေ့က ဖမ်းဆီးသွားတဲ့သူတွေထဲက ကျေးရွာအုပ်ကြီးကို ပြန်လွှတ်ပြီး အိမ်နှစ် လုံးကို မီးရှို့ခိုင်း တယ်၊ ပြီးတော့ ဓာတ်ပုံရိုက်ယူခဲ့မှ ဖမ်းထားတဲ့ပြည်သူတွေကို ပြန်လွှတ်မယ်ဆိုလို့ အိမ် ၂ လုံးကိုမီး ရှို့ပြီး ပြန်သွားပို့ရတယ်၊ ဒီနေ့မနက်တော့ ပြန်လွှတ်လိုက်ပြီလို့ကြားပါတယ်။” ဟု တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ မှ သတင်းနှင့်ပြန်ကြား‌ရေး ဌာန တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းသည် ဧပြီလ ၃ ရက်နေ့တွင် ဖမ်းဆီးထားသူများထဲမှ ယောက်ျားလေး အားလုံးကို ဓားစာခံခေါ်ဆောင်ကာ ဝက်ခေါက်စိန်ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ထိုသို့ ဆုတ်ခွာစဉ် တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၅၀၁ တပ်ရင်း၊ တပ်ခွဲ ၁ ရဲဘော်များက ကင်းပုန်းယူစောင့်ဆိုင်းပြီး ရှေ့ပွိုင့်ထွက်လာသော ကြမ်းဖက်စစ်သား ၂ ဦးကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးစလုံးအပြင်းအထန် ဒဏ်ရာရရှိပြီး ဓားစာခံပြည်သူများ ကို ထမ်းစင်များဖြင့် ထမ်းသယ်ခိုင်းကာ ဝက်ခေါက်စိန်ကျေးရွာအထိ ဆုတ်ခွာသွားကြောင်း သိရ သည်။

တိုက်ပွဲဖြစ်ပွားရာနေရာ အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ M 3 ကျည်ဘောက်တစ်ခု၊ G3 ကျည်ဘောက် တစ်ခု ၊ G3 ကျည် ၄၄ တောင့် ၊ ၅ ဒသမ ၅၆ ကျည် တောင့် ၁၀၀ ၊ လက်ပစ်ဗုံး တစ် လုံး ၊ သွေးများ ပေကျံ နေသော ဘောင်းဘီ ၂ ထည်၊ ဦးထုပ် ၁ လုံး၊ အမျိုးသမီးဝတ် ကိုယ်ပိုင် အမှတ် နှင့် မေခလာမျိုး နာမည် ပါ အင်္ကျီ တစ်ထည်၊ ရွှေဆွဲကြိုးအတု တစ်ကုံးနှင့် လက်ကောက် တစ်ရံတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article