27 C
Yangon

မြဝတီတိုက်ပွဲကြောင့် မဲဆောက်ဘက်သို့ တိမ်းရှောင်ထွက်ပြေးရန် လူများစွာ ချစ်ကြည် ရေးတံတားဂိတ်တွင် တန်းစီ စောင့်ဆိုင်းနေရ

Must read

မြဝတီတိုက်ပွဲကြောင့် မဲဆောက်ဘက်သို့ တိမ်းရှောင်ထွက်ပြေးရန် လူများစွာ ချစ်ကြည် ရေးတံတားဂိတ်တွင် တန်းစီ စောင့်ဆိုင်းနေရ

ရန်ကုန်| ဧပြီ ၁၀

ကရင်ပြည်နယ် မြ၀တီမြိုနယ်တွင် စစ်ကောင်စီ၏ ခလရ ၂၇၅ ကို တော် လှန်ရေး ပူးပေါင်းအဖွဲ့များက တိုက်ခိုက်နေရာ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေ၍ ပြည်သူများ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်ထွက်ပြေးရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း သိရှိရသည်။

မြန်မာဘက်အခြမ်းမှ ထိုင်းဘက်အခြမ်းသို့ ၇ ရက် ဝင်ခွင့်လက်မှတ်ဖြင့် ပြည်သူရာချီ၍ အလုံးအရင်းဖြင့် ဝင်ရောက်နေကြောင်း၊ ထိုင်းလ၀က ဝန်ထမ်းများ မလုံလောက်သည့် ပြဿနာများ ကြုံတွေ့နေရကြောင်း သိရှိရသည်။

မဲဆောက်ဘက်ရှိ နေထိုင်သူ မြန်မာနိုင်ငံသား တစ်ဦးက “ဒီနေ့ လူဝင်တာ များလို နှစ်ဖက်စလုံးက ဝန်ထမ်း အင်အား မညီမျှတဲ့ အခက်အခဲတွေနဲ့ ကြုံနေရတယ် ပြောတယ်။ အခုက မြ၀တီက လူတွေရော ကားတွေနဲ့ ပါ အလုံးအရင်းဝင်နေလို့ လမ်းပိတ်ဆို့နေတဲ့ အထိ ဖြစ်နေတယ် ” ဟု ပြော သည်။

ထိုင်းနိုင်ငံ အခြေစိုက် The Reporters သတင်းဌာန၏ မြ၀တီမြို တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၁၀ ရက်နေ့ နေ့လယ်ပိုင်း အထိ ဖော်ပြထားသည့် သတင်းများ အရ ဝင်ရောက်နေသူ များပြားနေ၍ ဝန်ထမ်းများ မလုံလောက်သည့် ပြဿနာများ ကြုံတွေ့နေရကြောင်း ရေးသားထားသည်။

ထိုအတူ မြ၀တီဖက်တွင် တိုက်ပွဲကြောင့် ငွေကြေး မတတ်နိုင်သည့် ပြည်သူ အချိုလည်း ယနေ့ ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းက စစ်ရှောင် ၁၀၀ နီပါး သည်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ ထိုင်း စစ်တပ် နယ်ခြားစောင့် စစ်တပ်ထံ ခိုလုံခွင့် တောင်းခံထားကြောင်း ထိုင်းဘက်က လာသည့် သတင်းများ အရ သိရသည်။

မဲဆောက်မြိုနေ သတင်းအရင်းမြစ် တစ်ဦးက “လူဦးရေ ၁၀၀ ကျော်လောက်တော့ ရှိမယ်။ လမ်းလျှောက်ပြီး သွားလိုရတဲ့ တရားမဝင် နယ်စပ်ဂိတ် ဝင်ပေါက် တစ်ခုက မြန်မာ စစ်ရှောင်တွေ ထိုင်းဖက်ကို ဝင်လာဖို့ အကူညီတောင်းခံထားတယ်လိုတော့ သိရတယ်။ ထိုင်းဘက်က လက်ခံ မခံတော့ မသိရသေးဘူး”လို ပြော သည်။

လက်ရှိတွင် တိုက်ပွဲ ပြင်းထန်လာပါက အရေးပေါ် ထိုင်းဘက်သို့ သွားရောက် ခိုလုံဖို မြ၀တီ မြိုခံအများစု ပြင်ဆက်ထားကြောင်း သိရပြီး မြဝတီမြို့တွင် စျေးဆိုင်များ အားလုံးနီးပါး ပိတ်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article