လက်ပံတောင်းတောင်ဒေသတွင် စစ်တပ်ကို လေယာဥ်ဆီတင်ပို့သည့် ကုမ္ပဏီများ ပိတ်ပင် တားဆီးပေးရန် တောင်းဆိုသည့် လူထုလှုပ်ရှားမှု သပိတ် ပြုလုပ်
ရန်ကုန် ၊ ဧပြီ ၁၀
စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သပိတ်တွင် “ 𝗕𝗮𝗻 𝗝𝗲𝘁 𝗙𝘂𝗲𝗹𝘀 𝗘𝘅𝗽𝗼𝗿𝘁𝘀 𝗧𝗼 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗮𝘀𝗰𝗶𝘀𝘁 𝗗𝗶𝗰𝘁𝗮𝘁𝗼𝗿 ” စာသားကို ကိုင်ဆောင်ကာ လက်ပံတောင်းတောင်ဒေသ ပြည်သူများ သပိတ်စစ်ကြောင်းက ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ကျရှုံးရေး လူထုဟစ်ကြွေးသံများနှင့် ချီတက်ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2024/04/432923303_784718957089046_8881985610980939036_n.jpg)
![](https://yktnews.com/wp-content/uploads/2024/04/434834325_784719023755706_4300366637779189540_n.jpg)
![](https://yktnews.com/wp-content/uploads/2024/04/435707907_784719100422365_8595078177539576568_n.jpg)