25 C
Yangon

ကျောက်ဆည်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး ခင်အောင်နှင့် ဇနီး ဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ လောင်းလုံးတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

Must read

ကျောက်ဆည်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး ခင်အောင်နှင့် ဇနီး ဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ လောင်းလုံးတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၂

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ကြီးအင်းကျေးရွာတွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး ခင်အောင်နှင့် ဇနီး ဖြစ်သူတို့ကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံးခဲ့ကြောင်း ဒေသပြည်သူတစ်ဦး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁၁ ရက် ညနေ ၇ နာရီခန့်က ကျောက်ဆည်မြို့နယ်၊ ဘော်တောင်ဒေသ၊ ကြီး အင်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေး အသက် ၆၅ နှစ်အရွယ် ခင်အောင်နှင့် ၎င်း၏ ဇနီးဖြစ်သူတို့သည် အကြမ်းဖက်စစ်ကောင်စီက မတရားထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် ကျေးရွာနေ လူငယ်များကို စာရင်း အတိအကျလိုက်လံကောက်ယူနေသည့် အပြင် ကျေးရွာနေပြည်သူများအပေါ်တွင်လည်း မချေမငံဆက်ဆံနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့ ဥက္ကဌလင်မယား တော်တော်လေးလည်းစွာတယ်၊ စစ်တပ်က စာရင်းတွေကောက်ခိုင်းပြီဆိုရင် လည်း အတိအကျလိုက်ကောက်ပေးတယ်၊ အကုန်လုံးခိုင်းတဲ့အတိုင်းလုပ်ပေးတာပေါ့၊ လင်မယားနှစ် ယောက်လုံးက ရွာသူ၊ရွာသားတွေအပေါ် ဆက်ဆံတာ မာရေ၊ကျောရေနဲ့။ စစ်မှုထမ်းဖို့စာရင်းတွေ လည်း အတိအကျ လိုက်ကောက်ပေးနေတာ။ ယောက်ျားမရှိတဲ့အချိန်ဆိုရင် မိန်းမဖြစ်သူက လုပ် တယ်၊ သူလည်း ရွာသူ၊ရွာသားတွေအပေါ် ဆက်ဆံတာ မာရေ၊ကျောရေနဲ့ပဲ။ အဲလိုတွေဆိုတော့ မခံ နိုင်တဲ့အဖွဲ့အစည်းတစ်ခုက ဝင်ပစ်သွားတာ။ ဘယ်အဖွဲ့ကလို့တော့ မသိရသေးဘူး၊” ဟု ဒေသနေ ပြည် သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာရှိ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦးကို PDF တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးစဉ် ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၂ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာရှိ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ကြည်လေး ဆိုသူကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းနေအိမ်၌ သွားရောက်ဖမ်းဆီးစဉ် ဝက်ခြံအတွင်းရှိ အခန်းတစ်ခန်း၌ WY စိတ်ကြွဆေးပြားသုံးစွဲနေချိန်ဖြစ်ပြီး PDF ရဲဘော်များ ရောက်ရှိချိန်၌ နေအိမ် အနောက်ဘက်ရှိ တောအုပ်ထဲ ဝင်ပြေးသွားသောကြောင့် ရဲဘော်များမှ မပြေးရန် ပြောဆို၍ လိုက်လံဖမ်းဆီးစဉ် လုံချည် ခြုံ၍ ထွက်ပြေးသွားသည့်အတွက် ပစ်ခတ်ဖမ်း ဆီးစဉ် မတော်တဆ ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ကြည်လေး ဆိုသူ၏ အခန်းကို PDF ရဲဘော်များက ဝင်ရောက် ရှာဖွေစဉ် မူးယစ်ဆေးဝါးများ လတ်တလောသုံးစွဲထားသည်ကို တွေ့ရှိရပြီး WY မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း၊ ကြည်လေးဆိုသူသည် မီးသတ် တပ်ဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပြီး စရဖ သတင်းပေး အဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ကြောင်း၊ အာဏာမသိမ်းခင်က လောင်းလုံးမြို့နယ် ရဲစခန်း၌ တာဝန်ကျခဲ့ဖူးသည့် မြို့နယ်စခန်းမှူးသည် လက်ရှိအချိန်တွင် လောင်းလုံးမြို့နယ်စခန်းမှူးအဖြစ် လောင်းလုံးမြို့နယ် ရဲစခန်းကို ပြန်လည် ပြောင်းရွေ့လာခဲ့ပြီး ကြည်လေးဆိုသူနှင့် အင်မတန် ရင်းနှီးသူဖြစ်ကာ စခန်းမှူး အသစ်ရောက်ရှိလာပြီးအချိန်မှစ၍ ကြည်လေးသည် စစ်တပ်ထံ သတင်းပေးခြင်း ၊ စစ်ကောင်စီ ထောက်တိုင်အဖြစ် ပေါ်ပေါ်ထင်ထင် ပါဝင်လာခြင်း နှင့် ဒေသခံများ၏ သတင်းအချက်အလက်များအရ စောင့်ကြည့်နေသည်မှာအချိန်ကာလကြာပြီဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍‌ လောင်းလုံး PDF ရဲဘော်များ အနေဖြင့် ပစ်ခတ်ရှင်းလင်းရန် ရည်ရွယ်လုပ်ဆောင်ခြင်းမဟုတ်ဘဲ သွားရောက် ဖမ်းဆီးခြင်းသာဖြစ်ပြီး၊ အဖမ်းမခံဘဲ ထွက်ပြေးစဉ် ပစ်ခတ်ဖမ်းဆီးရာမှ မတော်တဆ သေဆုံးသွားခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ လောင်းလုံး (ပကဖ) အနေဖြင့် တာဝန်ယူ တာဝန်ခံမှု အပြည့်ရှိကြောင်း ထုတ်ပြန်ထားသည်။

စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ကြည်လေးဆိုသူကို လောင်းလုံး (ပကဖ) က မြို့နယ်အတွင်း ဆက်လက်နေထိုင်၍ စစ်ကောင်စီ ထောက်တိုင် အဖြစ် ဆက်လက် လုပ်နေမည်ဆိုပါက လောင်းလုံးမြို့နယ်အတွင်းမှ ၂၄ နာရီအတွင်း ထွက်ခွာရန် ဧပြီလ ၈ ရက်နေ့က သတိပေးစာကို PDF ရဲဘော်များက အိမ်တိုင်ရာရောက် သွားရောက်ပေးပို့ သတိပေးခဲ့သော်လည်း ထွက်ခွာသွားခြင်းမရှိဘဲ “ရွာထဲကတော့ မထွက်ပေးနိုင်ဘူး။ တစ်ရွာလုံးပြာကျပြီးမှငါထွက်မယ်” ရွာထဲ၍ အော်ဟစ် ကြုံးဝါးကာ ဆက်လက် နေထိုင်နေသည့် အတွက် အရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

Photo – အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ကြည်လေး ထံမှ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး ခင်အောင် #ကျောက်ဆည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article