25 C
Yangon

ရေတာရှည်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်သားနှင့် ရဲများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၄ ဦး သေဆုံး

Must read

ရေတာရှည်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်သားနှင့် ရဲများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၄ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၂

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အမှတ် ၆ သကြားစက်အနီးတွင် ကင်းလှည့်နေသော စစ်သားနှင့် ရဲများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၄ ဦး သေဆုံးခဲ့ကြောင်း Daung Minn Thar – Yedashe PDF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၇ ရက် ည ၉ နာရီ ၁၂ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ်၊ အမှတ် ၆ သကြားစက်အနီး အင်းပက်လက်ကျေးရွာ တာတမံလမ်းပေါ်တွင် ညဘက် ကင်းလှည့်လာသော စစ်သားနှင့် ရဲများကို သံတောင်မြောက်ပိုင်း အထူးဒေသ UG အဖွဲ့က အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၅ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁ ဦးမှာ အပြင်းအထန်ဒဏ်ရာဖြင့် တောင်ငူ ဆေးရုံ သို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း သိရသည်။

“၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၁ ဦးနဲ့ ရဲ ၃ ဦးစုစုပေါင်း ၁၄ ဦးသေတယ်။ ၃ ဦးဒဏ်ရာရတယ်။ သေဆုံးထိခိုက်ဒဏ်ရာရရှိမှု အတိအကျ သိရှိဖို့ အတွင်းအပြင် အကြိမ်ကြိမ် အထပ်ထပ်အတည်ပြုနေ ရလို့ သတင်းထုတ်ပြန်တာနောက်ကျသွားတာပါ” ဟု Daung Minn Thar – Yedashe PDF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဧပြီလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ အမှတ် ၆ သကြားစက် ရဲစခန်း ဟောင်း အထွက်ရှေ့၌ ထပ်တိုး ကင်းပုန်းချထားသော အကြမ်းဖက် စစ်သားများကို သံတောင်မြောက် ပိုင်းအထူးဒေသ UG တပ်ဖွဲ့က ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၃ ဦး၊ အကြမ်းဖက် စစ်သား ၅ ဦး စုစုပေါင်း ၈ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အကြမ်းဖက်စစ်သား၊ ရဲများ၏ ရုပ်အလောင်းများကို တောင်ငူမြို့ဘက်ကို သယ်ဆောင်သွားပြီး ဒဏ်ရာရသူ ၃ ဦးကို နေပြည်တော်စစ်ဆေးရုံသို့ ထပ်မံသယ်ဆောင်သွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရေတာရှည်မြို့နယ် #မိုင်းဆွဲ တိုက်ခိုက်မှု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article