25 C
Yangon

ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ အမျိုးသမီး အဆောင်များကို ထောင်အာဏာပိုင်များ အကြောင်းအမျိုးမျိုးပြ၍ သုံးရေနှင့် သောက်ရေများ ဖြတ်တောက်ထား

Must read

ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ အမျိုးသမီး အဆောင်များကို ထောင်အာဏာပိုင်များ အကြောင်းအမျိုးမျိုးပြ၍ သုံးရေနှင့် သောက်ရေများ ဖြတ်တောက်ထား

ရန်ကုန်၊ ဧပြီ ၁၄

မွန်ပြည်နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ အမျိုးသမီး အဆောင်များကို ထောင်အာဏာပိုင်များ အကြောင်းအမျိုးမျိုးပြ၍ သုံးရေနှင့် သောက်ရေများ ဖြတ်တောက်ထားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ အတွင်းက စတင်ကာ ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ အမျိုးသမီးအဆောင်တွင် နိုင်ငံရေး အကျဉ်းသူများ အပါအဝင် အခြားအကျဉ်းသူ စုစုပေါင်း လူဦး ၅၀၀ နီးပါးရှိပြီး ရေရှားပါမှု ပြဿနာများ ဖြစ်နေခြင်းဖြစ်ကြောင်း၊ ချိုးရေနှင့် သောက်သုံးရေမလုံလောက်မှုများရှိနေပြီး သောက်သုံးရေကန် ပြတ်နေသည်မှာလည်း တစ်လကျော်ပြီဖြစ်ကြောင်း၊ ထောင်အာဏာပိုင်များက ပြန်လည် ပြုပြင်ခြင်းမရှိဘဲ မသန့်ရှင်းသည့် အနည်ပါသော ရေများသာ သောက်သုံးနေရသောကြောင့် အချိန်ကြာမြင့်လာသော အခါ ကျန်းမာရေး ထိခိုက်လာနိုင်ပြီး နေ့စဉ် ရေဝယ်သောက်ရန် ငွေကြေး မတတ်နိုင်ကြောင်း သိရသည်။

“ချိုးရေနဲ့ သောက်သုံးရေ မလုံလောက်မှုများရှိနေတယ်။ သောက်သုံးရေကန်ပြတ်နေတာလည်း တစ်လ ကျော်ရှိနေပြီ ပြန်ပြုပြင်ပေးတာ မရှိဘဲ မသန့်ရှင်းတဲ့ အနည်ပါတဲ့ ရေတွေသာ သောက်သုံး နေရတာကြောင့် ကြာရင် ကျန်းမာရေထိခိုက် လာနိုင်တယ်။ နေ့စဉ် ရေဝယ်သောက်ဖို့လည်း မတက်နိုင်ဘူး” အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ချိုးရေ အဆင်မပြေမှုကို ထောင်ဝန်ထမ်းဦးစီး အရာရှိ ဖြိုးဝင့်ဆွေကို အကျဉ်းသူများက တင်ပြသော်လည်း ရေကန်ပေါက်နေသည် အကြောင်းပြ၍ ရေမတင်ပေးကြောင်း၊ ထောင်အာဏာပိုင်အဖွဲ့ကို တင်ပြသော်လည်း အကြောင်းအမျိုးမျိုးပြ၍ ဆင်ခြေများသာ ပြောဆိုကြောင်း သိရသည်။

“ချိုးရေ အဆင်မပြေတာကို ပြောပြတော့လည်း အကျဉ်း ဝန်ထမ်း ဦးစီးအရာရှိ ဖြိုးဝင့်ဆွေက ရေကန်ပေါက်နေလို့ ညပိုင်းတွေမှာ ရေမတင်ပေးဘူးလို့ပြောပြီး ထောင်ပိုင်တစ်ဦးကို ပြောပြတော့လည်း အကြောင်းကြောင်း အမျိုးမျိုးပြပြီး ဆင်ခြေတွေပေးနေတယ်။ အခုလိုအချိန် အခုလိုရာသီဥတုပူအိုက်တဲ့အချိန်မှာ ချိုးရေနဲ့ သောက်သုံးရေကို အဆင်အောင် ပြုလုပ်ပေးဖို့ အကျဉ်းသူတွေက တောင်းဆိုနေကြတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article