25 C
Yangon

ကံမမြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး ကားပျက်စီးသွား

Must read

ကံမမြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး ကားပျက်စီးသွား

ရန်ကုန်၊ ဧပြီ ၁၄

မကွေးတိုင်း၊ ကံမမြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး ကားပျက်စီးသွားကြောင်း သရက်ခရိုင် တပ်ရင်း ၄ Eagle Force တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကံမမြို့မှ ကြို့ပင်ကျေးရွာဘက်ကို ထွက်ခွာလာသော စစ်ကောင်စီတပ်သား ၁၆ ဦး လိုက်ပါလာသော ကား ၁ စီးကို အသင့်စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားပျက်စီး ရပ်တန့်သွားပြီး ကားပေါ်ပါလာသော အကြမ်းဖက် စစ်သား ၂ ဦး သေဆုံး ကာ ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကံမ -ပြာကြီး လမ်းပိုင်းကနေ ပုသိမ်-မုံရွာလမ်းကိုတက်ပြီးတော့ ကြို့ပင်ရွာဘက်ကိုသွားမယ့်ကားကို ကံမ – ပြာကြီးလမ်းပိုင်းမှာပဲ ကျနော်တို့က မိုင်းဆွဲလိုက်တာ ပျက်သွားတဲ့ကားက အခုထိ အဲဒီနေရာ မှာပဲ ရှိသေးတယ်လို့ သတင်းရထားတယ်။ ကြို့ပင်မှာ သူတို့ လူကြီးလမ်းကြောင်းကိုလာကြိုတယ်။ အဲဒီကားကို ကျနော်တို့က တိုက်ခိုက်တယ်။ ပြီးတော့ ကျနော်တို့က မိုင်းဆွဲပြီးပဲ ဆုတ်ခဲ့လိုက်တာ သူတို့လာကြိုတဲ့လူကြီးကလည်း အခင်းဖြစ်တဲ့နေရာကိုရောက်လာတယ်။ ကံမမြို့ဘက်ကိုပဲ ခွေးသေတွေရော ဒဏ်ရာရတဲ့သူတွေရော ပြန်သွားတယ်လို့ ယူဆရတာပေါ့” ဟု သရက်ခရိုင် တပ်ရင်း ၄ Eagle Force တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ ၊ မကွေးတိုင်းပြည်သူ့ကာကွယ်ရေး တပ်မတော် သရက်ခရိုင် အမှတ်-၄ တပ်ရင်း – Eagle Force ၊ ကျောင်းသားလက်ရုံးတပ်တော် – SAF နှင့် လွတ်မြောက်ရေး အင်အားစု စစ်သည်များတပ်ဖွဲ့ – WOLF တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article