28 C
Yangon

ပလမြို့အဝင်တွင် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး ဒဏ်ရာရရှိသော စစ်သားများကို မြိတ်မြို့သို့ သယ်ယူစဉ် ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ

Must read

ပလမြို့အဝင်တွင် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး ဒဏ်ရာရရှိသော စစ်သားများကို မြိတ်မြို့သို့ သယ်ယူစဉ် ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ

ရန်ကုန်၊ ဧပြီ ၁၄

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့အဝင်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအတွင်း ဒဏ်ရာရရှိသော စစ်သားများကို မြိတ်မြို့သို့ ပို့ဆောင်စဉ် ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် ပလမြို့အဝင် ဆိုင်းဘုတ်အနီး အင်အား ၅၀ခန့်ဖြင့် လှုပ်ရှားနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း မဟာမိတ် တပ်ပေါင်းစုတို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲသည် ၁ နာရီခန့်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ငြိမ်သက်သွားချိန် နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်သားများက တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရရှိသူများကို ပလမြို့ ရေနက်ဆိပ်ကမ်းမှ မြိတ်မြို့ကို ပို့ဆောင်ရန် ကြိုးစားခဲ့စဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ခိုက်မှု အတွင်း ဖက်ဆစ် စစ်တပ်က အထိအခိုက်ကို တိတိကျကျ သိရှိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့တယ်” ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပုလောမြို့နယ်အတွင်း တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးသတင်းများ အမြဲနားစွင့်၍ နေထိုင်ကြရန်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ် တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည့် ထုတ်ပြန်ချက်များကို လေးလေးစားစား လိုက်နာပေးကြရန် မေတ္တာရပ်ခံကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖီးနစ်ဒရုန်းတပ်ဖွဲ့၏ တိုက်ခိုက်ရေး ဒရုန်းတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article