28 C
Yangon

ဝက်လက်မြို့နယ်၊ လှတောရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်၊ မြိုင်မြို့နယ်ရှိ ဝက်ပုတ်ရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ဝက်လက်မြို့နယ်၊ လှတောရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်၊ မြိုင်မြို့နယ်ရှိ ဝက်ပုတ်ရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၀

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း PhoenixDefence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၇ ရက်နေ့ ညနေ့ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ လှတောရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို စစ်ကိုင်းမြို့နယ် အမှတ် ၃ တပ်ရင်းက အနီးကပ် ဝင်ရောက် ပစ်ခတ်ခဲ့ပြီး PhoenixDefence Force တပ်ဖွဲ့က fixed.Wings ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ယင်းအထိုင်စခန်းရှိ အဆောက်အဦးများ တချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်ခွေး စခန်းတွင်းဖြစ်နေတော့ ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရတဲ့ အခြေအနေကို အတည်မပြုနိုင်သေးဘူး။ နယ်မြေတွင်းက တော်လှန်ရေး အင်အားစုတွေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်။ အထိုင်စခန်း အဆောက်ဦး တချို့ မီးလောင်ပျက်စီးတာတွေရှိတယ်လို့တော့ သိရတယ်” ဟု PhoenixDefence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ အနောက်ကျောင်း ဘုန်ကြီးကျောင်းအတွင်းရှိ ရွှေဘုံတာ ဘုရားကို ဗျူဟာကုန်း ပြုလုပ်၍ ဘုရား အောက်ခန်းတွင် ဘန်ကာ များပြုလုပ်ထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့က ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ပျုူခွေးတွေရဲ့ ဘုရားဆောင် အနီးနားမှာရှိတဲ့ မိုင်းကို ကျွန်တော်တို့ Rocket က ထိမှန်တော့ ရွေဘုံတာ ဘုရားဆောင်ပါ ပြိုပြီး စစ်ခွေး ၂ ကောင်သေတယ်။ ၄ ကောင် ဒဏ်ရာရတယ်” ဟု ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article