28 C
Yangon

မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၂၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သေနတ် ၁ လက်သိမ်း ဆည်းရရှိခဲ့ကြောင်း People’s Liberation Army – PLA တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဧပြီလ ၂၅ ရက်နံနက်ပိုင်းက မြင်းခြံမြို့နယ် ၊ ကုက္ကဲရဲစခန်းအတွင်း အခြေစိုက်တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် ကောင်စီတပ်သားများ အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ကုက္ကဲရွာကို ကာဗာ(Cover)ယူပြီး မြင်းခြံ ကပဖဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးသွားသဖြင့် စခန်းကို ယာယီသိမ်းပိုက်ကာ ရှာဖွေစဉ် MA – 1 သေနတ် ၁ လက်၊ ကျည်ဘောက် တစ်ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၈၁၅ တပ်ဖွဲ့-PLA (အနောက်မြောက်စစ်ဒေသ) ၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့ – PLA စုပေါင်းအင်အား ၊ မြင်းခြံ 35 တပ်ဖွဲ့ ၊ Burmese Guerrilla Force – BGF နှင့် KG တပ် ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article