28 C
Yangon

မုံရွာမြို့နယ်တွင် တံတားပြင်ရန် လာသည့် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

မုံရွာမြို့နယ်တွင် တံတားပြင်ရန် လာသည့် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာ အဝင်လမ်းတံတားကို ပြင်ရန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မုံရွာမြို့နယ်၊ တောပုရွာမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများသည် ၎င်းထောက်ပို့ လမ်းကြောင်းဖြစ်သော တောပုရွာ အဝင်လမ်းကို ပြုပြင်ရန် ခရီးသွား ပြည်သူများနှင့် ၎င်းတို့နှင့် နီးစပ်သော ကျေးရွာမှ ပြည်သူများကို ဓားစာခံ လူသားဒိုင်းအသုံးပြုကာ အင်အား ၃၀ ဝန်းကျင်ဖြင့် ထွက်လာစဉ် ကြေးမုံရွာ အရောက်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဟိုရက်ပိုင်းလောက် ကျနော်တို့မိုင်းခွဲ ဖျက်ဆီးထားတဲ့ တံတားကို ပြုပြင်ဖို့ ခြေလျင်ထွက်လာတာ၊ ဓားစာခံ ပြည်သူ တွေကတော့ ၁၅ ယောက် အယောက် ၂၀ လောက်တော့ပါမယ်။ တိုက်ပွဲဖြစ်ပြီး တော့ ပြန်ဆုတ်ပြေး သွားတာ၊ တံတားလဲ မလုပ်ဖြစ်လိုက်ဘူး” ဟု Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားနှင့် ပျူစောထီး ၃ ဦး သေဆုံးကာ တံတားပြုပြင်နိုင်ခြင်း မရှိဘဲ ပြန်လည် ဆုတ်ပြေးသွားကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ အသုံးပြုသည့် ကာဘိုင် ကျည် ၈၆ တောင့် သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ်၊တိုက်နယ် ၁ ပ.က.ဖ မှဦးဆောင်၍ မုံရွာမြို့နယ်၊တိုက်နယ် ၁ ပ.လ.ဖ ၊ မုံရွာမြို့နယ်၊ တိုက်နယ် ၄ တပ်ရင်း ၂၂ ၊ မုံရွာမြို့နယ်၊ အမှတ် ၂၄ တပ်ရင်း၊ Area71 peoples defense force ၊ Monywa Special ဒိတ်ဒိတ်ကြဲ ၊ Special Force11 အညာ Defences Force တို့ပူးပေါင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article