35 C
Yangon

စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ရွာရှိ စစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဒုဗိုလ်မှူးကြီး တင်ကို အပါအဝင် စစ်သား ၁၁ ဦးသေဆုံး၊ စစ်သား ၁၅ ဦး လက်နက်ချ အညံ့ခံ

Must read

စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ရွာရှိ စစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဒုဗိုလ်မှူးကြီး တင်ကို အပါအဝင် စစ်သား ၁၁ ဦးသေဆုံး၊ စစ်သား ၁၅ ဦး လက်နက်ချ အညံ့ခံ

ရန်ကုန်၊ ဧပြီ ၃၀

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ ဒုဗိုလ်မှူးကြီး တင်ကို အပါအဝင် စစ်သား ၁၁ ဦးသေဆုံးပြီး စစ်သား ၁၅ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။

ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းက စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို မန္တလေး PDF က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီ တပ်သား ၁၅ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး လက်နက်ငယ် ၁၉ လက် ၊ ၆၀ မမ စိန်ပြောင်း ၁ လက် အပါအဝင် ခဲယမ်း အများအပြား သိမ်းဆည်းရရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင် စီ ၏ အခြားစခန်းငယ်တစ်ခုကိုလည်း သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတပ်များအကြား နောင်ချိုမြို့ နယ်၊ သရက်ကုန်းကျေးရွာ အနီးတစ်ဝိုက်တွင် နေ့စဉ်တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုများလည်း နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် စစ်ကောင်စီ၏ အရေးပါသော စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရယူလျက်ရှိပြီး စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆက်လက် တိုက်ပွဲဆင်နွှဲလျက်ရှိကြောင်း အသိပေးထား သည်။

Photo – ဒုတိယ ဗိုလ်မှူးကြီး တင်ကို၏ ရုပ်အလောင်းနှင့် လက်နက်ချ အညံ့ခံခဲ့သော စစ်သား ၁၅ ဦး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article