မတ္တရာမြို့နယ်၊ ရှားစေးချက်ကျေးရွာသား ကိုဖိုးဇော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်
ရန်ကုန်၊ မေ ၄
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရှားစေးချက်ကျေးရွာသား ကိုဖိုးဇော်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ မေလ ၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မတ္တရာမြို့နယ်ရှိ ငါးလုံးပြွန်ကျေးရွာ၊ တံငါကျေးရွာနဲ့ သဖန်းကိုင်း ကျေးရွာ ကို အင်အား ၂၀၀ ကျော်ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရှားစေးချက်ကျေးရွာသား ကိုဖိုးဇော်ကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“ဒီနေ့ မတ္တရာမြို့နယ် ရှားစေးချက် ကျေးရွာကို ဝင်ရောက်စီးနင်းတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေက ကျေးရွာနေ ပြည်သူ ကိုဖိုးဇော် ကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်သွားတာပါ” ဟု မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချောင်းတော်ဝရွာရှိ ပြည်သူပိုင် နေအိမ် ၂၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။