30 C
Yangon

သံတွဲမြို့ အနီးရှိ အုန်းမော်တောင် အနီးတဝိုက်၌ စစ်တပ်နှင့် ရခိုင်တပ်တော်တို့ တိုက်ပွဲ ပြင်းထန်နေ

Must read

သံတွဲမြို့ အနီးရှိ အုန်းမော်တောင် အနီးတဝိုက်၌ စစ်တပ်နှင့် ရခိုင်တပ်တော်တို့ တိုက်ပွဲ ပြင်းထန်နေ

ရန်ကုန်၊ မေ ၄

ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ၁၈ မိုင်ခန့်အကွာ အုန်းမော်တောင် အနီးတဝိုက်၌ အကြမ်းဖက် စစ်တပ်နှင့် ရခိုင်တပ်တော်တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသ ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်မှစ၍ သံတွဲမြို့နှင့် ၁၈ မိုင်ခန့်ဝေးသော အုန်းမော်တောင်ပေါ် ၌ နေရာယူထားသော ရခိုင်တပ်တော်နှင့် ကျောင်းကုန်းရွာဟောင်း၊ လင်းသီရွာဦး နေရာတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်တို့ အကြား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသနေ ပြည်သူ အမြောက်အများလည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး တိုက်ပွဲအတွင်း ပြည်သူများ ထိခိုက်မှုရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“မနက် ၁၁ နာရီလောက်ကတည်းကနေ အခုချိန်အထိ အပြန်အလှန်ပစ်ခတ်နေကြတာ ကျည်ဆံ တွေ ရွှေလှေတံတားအနီး လင်းသီရွာထဲကို ကျလို့ တံတားပတ်ဝန်းကျင်က ပြည်သူတွေ တိမ်းရှောင်နေကြရတယ်။ ပြည်သူတွေ ထိခိုက်မှုရှိ၊ မရှိတော့ မသိရသေးဘူး။ စစ်တပ်က လင်းသီရွာဦး တံတားနားမှာ တစ်ဖွဲ့နဲ့ နောက်တစ်ဖွဲ့က ကျောင်းကုန်းရွာဟောင်းမှာ နေရာယူထားတာ AA ကတော့ အုန်းမော် တောင် ပေါ်မှာ ပေါ့၊ သေနတ်သံ၊ စက်သေနတ်သံ၊ လက်နက်ကြီးပစ် သံတွေ တောက်လျှောက်ကြားနေရတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်သားများသည် ဒေသနေပြည်သူများကို အကာအကွယ်ယူကာ ခုခံတိုက်ခိုက်နေခြင်း ဖြစ်ပြီး ရခိုင်တပ်တော် အနေဖြင့် အုန်းမော်တောင်ပေါ်၌ အပေါ်စီးမှ နေရာယူထားခြင်းကြောင့် အကြမ်းဖက် စစ်တပ်က ထိရောက်စွာ တိုက်ခိုက်နိုင်ခြင်းမရှိကြောင်း၊ ယနေ့ တိုက်ပွဲအတွင်း၌ အကြမ်း စစ်ကောင်စီတပ်က ပုံမှန်အသုံးပြုနေကြဖြစ်သည့် လေကြောင်းပစ်ကူလည်း လာရောက်ခြင်းမရှိကြောင်း သိရသည်။

“စစ်တပ်က လူနေရပ်ကွက်မှာနေရာယူထားတော့ AA က အပြင်ဘက်ခေါ်ထုတ်ချင်တဲ့သဘောရှိတယ်။ စစ်တပ်က ရွာထဲက မခွာဘူး၊ ပေကပ်ခံနေတယ်။ အဲတော့ အဝေးကနေ လှမ်းပစ်နေကြတာပေါ့။ ဒီနေ့လေယာဉ်ပစ်ကူလည်းမလာဘူး၊ အစောပိုင်းတုန်းက သံတွဲမြို့ပြင် ဘားတောင်းတောင်က နေပစ်ကူပေးနေတဲ့လက်နက်ကြီး ပစ်ကူလည်း အခုမပစ်တော့ဘူး၊ တိုက်ပွဲဘက်ကလည်း တစ်ချက် တချက်လောက်ပဲ ကြားရတော့တယ်။ ဘယ်ဘက်က ဘယ်လောက်သေလည်းတော့ မသိရသေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article