37 C
Yangon

ဖားကန့်တွင် စစ်ထောက်လှမ်းရေးတစ်ဦးကို KIA က ဖမ်းဆီးလာစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ သေဆုံး

Must read

ဖားကန့်တွင် စစ်ထောက်လှမ်းရေးတစ်ဦးကို KIA က ဖမ်းဆီးလာစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ သေဆုံး

ရန်ကုန်၊ မေ ၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ထောက်လှမ်းရေး(စရဖ) တစ်ဦးကို KIA က ဖမ်းဆီးလာစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး သေဆုံးသွားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၆ ရက်နေ့ ညနေ ၆ နာရီကျော်အချိန် ဖားကန့်မြို့နယ်၊ ငှက်ပျောတောရပ်ကွက်၊ ရဲစခန်းအနီးတွင် စစ်ထောက်လှမ်းရေး (စရဖ) တစ်ဦးကို KIA က ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခဲ့သော စရဖကို ခေါ်ဆောင်ရန် ကြိုးပမ်းစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ဖမ်းလာတဲ့အချိန်မှာ ထွက်ပြေးဖို့ လုပ်လို့ ပစ်ခတ်ရင်း သေဆုံးသွားတာပါ။ စရဖပါ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါပစ်ခတ်ခံရ၍ သေဆုံးသွားသော စစ်ထောက်လှမ်းရေးထံမှ သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံးနှင့်ကျည်ဆန်တချို့၊ ဖုန်း ၁ လုံး သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article