37 C
Yangon

လပွတ္တာမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် စစ်သားသစ် စုဆောင်းပေးနေသော ၄ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်နိုင် နေအိမ်ကို ဖောက်ခွဲ တိုက်ခိုက်

Must read

လပွတ္တာမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် စစ်သားသစ် စုဆောင်းပေးနေသော ၄ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်နိုင် နေအိမ်ကို ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၇

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် စစ်သားသစ် စုဆောင်းပေးနေသော ၄ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်နိုင် နေအိမ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်ခန့်တွင် လပွတ္တာမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၊ ၄ ရပ်ကွက်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး သက်နိုင် နေအိမ်ကို Delta Guerrilla Force (ဧရာဝတီစစ်ဒေသခွဲ – PRF) က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်နိုင် ကို သတိပေး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ နေအိမ် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး သက်နိုင် သည် အကြမ်းဖက် စစ်ကောင်စီ၏ မတရား စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ကာ မြို့နေလူထုကို ဒုက္ခပေး ဖိနှိပ်လျက်ရှိသောကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ တိုက်ခိုက်မှုကြောင့် နေအိမ် အဆောက်အအုံပျက်စီးမှုရှိပါတယ်။ လူတော့ ထိခိုက်မရှိဘူးလို့ သိရတယ်။ ကျွန်တော်တို့ ရဲဘော်တွေတော့ ထိခိုက်မှုမရှိပါဘူး” ဟု ပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပြည်သူ့တော်လှန်ရေးအင်အားစုအနေဖြင့် လက်လှမ်းမီသော မြို့နယ်များတွင် စစ်ကောင်စီ၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသူများ အားလုံးကို ပြတ်ပြတ်သားသား အရေးယူ တိုက်ခိုက်သွားမည် ဖြစ်ပြီး ယင်းတိုက်ခိုက်မှုကို “Cheetah Operation” များထဲမှ တစ်ခု အဖြစ် ဆောင်ရွက်ခဲ့ ခြင်း ဖြစ်ကြောင်း ပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article