ထားဝယ်မြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကား ၃ စီးကို မိုင်းခွဲ တိုက်ခိုက်မှု စစ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရ
ရန်ကုန်၊ မေ ၁၃
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းခွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၁၂ ရက် ည ၁၁ နာရီ ၃၇ မိနစ်အချိန်က ထားဝယ်မြို့တွင်း၌ ကင်းလှည့်နေသော အ ကြမ်းဖက်စစ်ကောင်စီ၏ ကား ၃ စီးကို ထားဝယ်မြို့၊ကမ်းနားလမ်း၊ သဲကွင်းအရှေ့တွင် ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကားတစ်စီး ထိထိမိမိ ထိမှန်ပြီး ကား ပေါ်ပါလာသော အကြမ်းဖက်စစ်သားများ သေဆုံးမှုအတူ အပြင်းအထန်ုဏ်ရာများရရှိသွား၍ လမ်း တလျှောက် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ကားကို အရှိန်မြင့်စွာ မောင်းနှင်ပြေးသွား ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အပြင်းအထန် ဒဏ်ရာရရှိသူ ၃ ဦး ကို ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံကြီး ကိုဗစ်လူနာဆောင်၌ တင်ပို့ကုသလျက်ရှိပြီး ထိခိုက်သေဆုံးမှု အရေအတွက် အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ထားဝယ်မြို့ ဆေးရုံကြီးမှာ ကုသနေတဲ့ ၃ ကောင်သေပြီလို့ သတင်းရပေမယ့် အတိအကျ တော့ မသိရသေးဘူး။ ကျွန်တော်တို့ ဆက်လက် စုံစမ်းနေတယ်” ဟု လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းညီနောင်စစ်ကြောင်းမှ သရက်ချောင်းမြို့နယ် ပကဖ ပြောက်ကျား တပ် စုနှင့် လောင်းလုံးမြို့နယ် ပကဖ ကင်းမြီးကောက်ပြောက်ကျားတပ်စုတို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါင်းညီနောင် စစ်ကြောင်းအနေဖြင့် ရှေ့ဆက်၍ ထားဝယ်မြို့အတွင်း ပြောက်ကျားတိုက်ခိုက်မှု ၊ ပြင်းအားမြင့်မိုင်းများဖြင့် တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်သောကြောင့် မိဘပြည် သူများအနေဖြင့် စစ်ရေးသတိရှိရှိ သွားလာနေထိုပေးကြပါရန် အသိပေးထုတ်ပြန်ထားသည်။