25 C
Yangon

သံတောင်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

Must read

သံတောင်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

ရန်ကုန်၊ မေ ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ – သံတောင်လမ်းပေါ်ရှိ ၆ မိုင်တွင် စစ် ကောင်စီ တပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း KNLA ၏ Thawthikho သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၁၃ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား ၂ ဦးကို တောင်ငူ -သံတောင် လမ်း၊ ၆ မိုင်တွင် MA 11 အမျိုးအစား သေနတ် ၁ လက်၊ ကျည်အတောင့် ၃၀၀ ၊ ကျည်ဘောက် ၂ ခုနှင့်အတူ KNLA တပ်မဟာ ၂ တပ်ရင်း ၅ ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည့်အပြင် စစ်ရေးအရ နှစ်ဖက်တင်းမာမှုများ မြင့်တက်နေကြောင်း၊ စစ်ကောင်စီကလည်း သံတောင်ကြီးမြို့နယ်အတွင်းတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း၊ ဒေသနေပြည်သူများ ထောင်ချီ၍ စစ်ဘေးရှောင် နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article