25 C
Yangon

ချောင်းဦး၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် စစ်ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ချောင်းဦး၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် စစ်ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် ချောင်းဦးမြို့နှင့် ငါးယှန်ကျေးရွာကြား တွင် အကြမ်းဖက်စစ်ကား ၁ စီးနှင့် ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံး ခဲ့ကြောင်း People’s Defense Force – South Monywa တပ်ဖွဲ့မှ Daung Karyan က ရန်ကုန်‌ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန် စစ်ဆေး ရေးဂိတ်မှ ချောင်းဦးမြို့ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်တပ် Jammer ကားတစ်စီးကို ချောင်းဦးမြို့နှင့် ငါးယှန်ကျေးရွာကြားအရောက် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီ မိနစ် ၅၀ အချိန်တွင် စစ်ကိုင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ်သား များ လိုက်ပါလာသည့် တွဲကား ၁၇ စီးပါ ယာဉ်တန်းအနက် ၅ စီးမြောက်ကားကို ချောင်းဦးမြို့နှင့် ငါး ယှန်ကျေးရွာကြားအရောက် ပဒေသာမိုင်း ၅ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းပွိုင့်အနီး ကင်းပတ်နေသော အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defense Force – South Monywa တပ်ခွဲ ၁ ၊ နွေဦးလူငယ် People’s Defense Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defense Force၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒို တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defense Force – South Monywa အနေဖြင့် ခဲယမ်း၊ ကျည် ကအစ ပြန်လည်ဖြည့်တင်းရန် ရန်ပုံငွေအခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး မိဘပြည်သူများ အနေ ဖြင့် တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် အထူး မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် မိုင်းဆွဲခံထားရသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article