26 C
Yangon

ရခိုင့်အရေး နွေဦးတော်လှန်ရေးအဖွဲ့ ၂ ခုက AA ဘက်က ရပ်တည်ဟု ကြေညာ

Must read

ရခိုင့်အရေး နွေဦးတော်လှန်ရေးအဖွဲ့ ၂ ခုက AA ဘက်က ရပ်တည်ဟု ကြေညာ

■ ရခိုင်မှ မြေပြင်ပကတိ အခြေအနေမှန်များကို သေချာ တိကျစွာ လေ့လာစုံစမ်းသိရှိခြင်းမရှိဘဲ အခြေအမြစ်မရှိသည့် သတင်းအချက်အလက်များက မှားယွင်းသည့်ရလဒ်များ ဖြစ်ပေါ်စေနိုင်ဟု သတိပေး

ရန်ကုန်| မေ ၂၃

ရခိုင်ပြည်အတွင်း လတ်တလောဖြစ်ပေါ်နေသော အခြေအနေများတွင် အာရက္ခတပ်တော် AA ဘက်မှ အတူရပ်တည်ကြောင်း နွေဦးတော်လှန်ရေးအဖွဲနှစ်ခုက ယနေ့ မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

AA ဘက်မှ ရပ်တည်ကြောင်း ထုတ်ပြန်သော တော်လှန်ရေးအဖွဲ့အစည်းများမှာ ပြည်သူ့စစ်မဟာအကြံပေးဗျူရို (PMSAB) နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့တို့ ဖြစ်သည်။

ရခိုင်ပြည်မှ မြေပြင်ပကတိ အခြေအနေမှန်များကို သေချာ တိကျစွာ လေ့လာစုံစမ်းသိရှိခြင်းမရှိဘဲ အခြေအမြစ်မရှိသည့် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲပါသည့် သတင်းအချက်အလက်များ အပေါ်အခြေခံ၍ သုံးသပ်ချက်၊ ထုတ်ပြန်ချက်များ ပြုလုပ်မည်ဆိုပါက မှားယွင်းသည့်ရလဒ်များ ဖြစ်ပေါ်လာနိုင်ကြောင်း အဆိုပါနှစ်ဖွဲ့က ထောက်ဩည်။

” ကျွန်ုပ်တို့အနေဖြင့် စစ်အာဏာရှင်ကျရှုးရေး၊ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော် (ULA/AA) နှင့်အတူ သစ္စာရှိစွာ အတူတကွ ရပ်တည်တိုက်ပွဲဝင်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည် ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့စစ်မဟာအကြံပေးဗျူရို (PMSAB)နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့သည် မြန်မာ့နွေဦးတော် လှန်ရေးတွင် ကျရာအခန်းကဏ္ဍမှ ယနေ့ထက်တိုင် စစ်အာဏာရှင်ကျရှုးရေး၊ စစ်မှန်သောဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် တိုင်းရင်းသားညီနောင်မဟာမိတ်များ၊ မြေပေါ်မြေအောက် တော်လှန်ရေးအဖွဲအစည်းများနှင့်အတူ လက်တွဲလျက် တစ်စိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ပြောဆိုထားသည်။

စစ်ကောင်စီ လော်ဘီများ၊ မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲများ၊ နိုင်ငံတကာအစိုးရအဖွဲများ၊ UN အဖွဲအစည်းများနှင့် ပြည်တွင်းပြည်ပမီဒီယာများ တိုသည် ရခိုင်ပြည်အတွင်း လက်ရှိဖြစ်ပွားနေသော အခြေအနေများကို သေချာလေ့လာခြင်းမရှိဘဲ သတင်းအမှားများကို ထုတ်လွှင့်ပြောဆိုနေကြသည်။

စစ်ကောင်စီလော်ဘီသတင်းဌာနများ၏ Facebook ၊ တယ်လီဂရမ် စာမျက်နှာများတွင်လည်း ဘူးသီးတောင်၊ မောင်တော အခြေအနေနှင့်ပတ်သက်ပြီး သတင်းအမှားများ ဖြန့်ဝေခြင်း၊ ဓါတ်ပုံအမှားများကို ဖြန့်ဝေခြင်းကို ပြီးခဲ့သည့် ရက်ပိုင်းကစ၍ ဆက်တိုက်ပြုလုပ်လာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article