28 C
Yangon

တောင်ငူမြို့နယ်တွင် စစ်ကြောင်းနှင့် စစ်တပ် တပ်စွဲထားသော နေရာကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၃

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် စစ်တပ် တပ်စွဲထားသော နေရာကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် – ၃၅၀၁ တပ်ခွဲ ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် ဝက်ခေါက်စိန်ကျေးရွာ မှ မြပင်ကူးကျေးရွာကို ထွက်လာသော အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တပ်ရင်းအမှတ် ၃၅၀၁ တပ်ခွဲ ၁ မှ ရဲဘော်များ ဖြင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၉ နာရီ ၃၀ မိနစ်နှင့် ၁၀ နာရီ ၄၀ မိနစ်တို့တွင်လည်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲဖြစ်ပွားအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စနိုက်ပါဖြင့် ကြားဖြတ် ပစ်ခက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မေလ ၂၂ ရက်နေ့တွင် မြပင်ကူးကျေးရွာ စာသင်ကျောင်းနှင့် ရွာထဲ၌ အထိုင်ချတပ်စွဲထားသော အင်အား ၈၀ ကျော်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံပြီး စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး စစ်တပ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်းး သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများသည် လက်ရှိချိန်ထိ ဆက်လက်​ဖြစ်ပွားနေပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ တိုက်ပွဲဝင်လျက်ရှိကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် – ၃၅၀၁ တပ်ခွဲ ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article