27 C
Yangon

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးက GSC အထွေထွေ သပိတ်ကော်မတီတွင် ပူးပေါင်းပါဝင်မှုမှ ယာယီရပ်နားမည်ဟု ကြေညာ

Must read

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးက GSC အထွေထွေ သပိတ်ကော်မတီတွင် ပူးပေါင်းပါဝင်မှုမှ ယာယီရပ်နားမည်ဟု ကြေညာ

ရန်ကုန်၊ မေ ၂၃

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) က စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) တွင် ပူးပေါင်းပါဝင်မှုကို မေလ ၂၂ ရက်နေ့မှ စ၍ ယာယီရပ်နားမည်ဖြစ်ကြောင်း AASYC က မိတ်ဘက်အဖွဲ့အစည်းများကို အသိပေး ကြေညာချက် ထုတ်ပြန်ထားသည်။

AASYC အစည်းအရုံး အနေဖြင့် GSC သပိတ်ကော်မတီကို စတင်ဖွဲ့စည်းချိန်မှ စ၍ တပ်ပေါင်းစု၏ လုပ်ငန်းစဉ်များတွင် ကိုယ်စွမ်း ဉာဏ်စ ရှိသရွေ့ပါဝင်ခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင် သပိတ်ကာလကို ကျော်လွန်သည်မှာ အတန်ကြာပြီဖြစ်သည့်အပြင် GSC အနေနှင့် သပိတ်ကော်မတီတစ်ရပ်အဖြစ် မရပ်တည်ဘဲ နိုင်ငံရေးအစုအဖွဲ့တစ်ရပ်အနေနှင့် ဆက်လက်ရပ်တည်သင်သည့်ဟု AASYC အနေနှင့် ယူဆပါကြောင်း၊ GSC အနေနှ့် တပ်ပေါင်းစုကို ကိုယ်စားပြု၍ လုပ်ကိုင်ဆောင်ရွက်မှုများတွင် AASYC အဖွဲ့အစည်း၏ ဆန္ဒသဘောထားကို ထပ်ဟပ်မှုနှင့် အလေးထားစဉ်းစားမှုများ အထူးအားနည်းလာသဖြင့် ပူးပေါင်းမှု ယာယီရပ်နားလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့သော် GSC ၏ ရည်မှန်းချက်များဖြစ်သော “စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ်များ အကုန်အစင်ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး” တို့သည် AASYC အဖွဲ့အစည်း၏ ရည်မှန်းချက်များနှင့် အတိုင်းအတာတစ်ခုအထိ ကိုက်ညီနေဆဲ ဖြစ်၍ တတ်နိုင်သည့် ဘက်မှ လက်တွဲ ဝိုင်းရံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article