25 C
Yangon

တွန်းဇံမြို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် မြို့ပေါ်ရှိ နေအိမ်များ မီးလောင်ပြာကျ၊ စစ်ရှောင်ပြည်သူ ၁ ဦး အချိန်မီ ဆေးကုသနိုင်ခြင်းမရှိသောကြောင့် သေဆုံး

Must read

တွန်းဇံမြို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် မြို့ပေါ်ရှိ နေအိမ်များ မီးလောင်ပြာကျ၊ စစ်ရှောင်ပြည်သူ ၁ ဦး အချိန်မီ ဆေးကုသနိုင်ခြင်းမရှိသောကြောင့် သေဆုံး

■ သောင်းနှင့်ချီသော စစ်ဘေးရှောင် ပြည်သူများ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေ

ရန်ကုန်၊ မေ ၂၃

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မြို့ပေါ်ရှိ နေအိမ်များ မီးလောင်ပြာကျကာ စစ်ရှောင်ပြည်သူ ၁ ဦး အချိန်မီ ဆေးကုသနိုင်ခြင်းမရှိသောကြောင့် သေဆုံးခဲ့ကြောင်း တွန်းဇံမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၂ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီခန့်မှ စတင်၍ နံနက် မိုးလင်းပိုင်း ထိ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ထိတွေ့ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ ယင်းနေ့ ည ၁ဝ နာရီ ၄၀ မိနစ်ခန့်တွင် တွန်းဇံမြို့ပေါ်၌ ပစ်ခတ်သံများ ထပ်မံထွက်ပေါ်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက် ၂ ခုရှိ နေအိမ်များနှင့် ခေါလိုင်ဂိုးဇန် ရပ်ကွက်ရှိ နေအိမ် ၂ လုံးပြာကျခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၂၂ ရက်နေ့တွင် အသည်းရောဂါ အခံရှိသော စစ်ဘေးရှောင်ပြည်သူ ၁ ဦး အချိန်မီ ဆေးကုသနိုင်ခြင်း မရှိသောကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယနေ့ မေလ ၂၃ ရက်နေ့တွင် တွန်းဇံမြို့ပေါ်၌ ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ပြည်သူများ ထပ်မံ ရောက်ရှိလာကာ စစ်ရှောင်ဦးရေ သောင်းနှင့်ချီရှိလာပြီ ဖြစ်ကြောင်း သိရသည်။

“ဒီနေ့လည်း သေနတ် သံတွေကတော့ ကြားနေရတုန်း ဖြစ်ပါတယ်။ မနေ့က စစ်ကောင်စီက စစ်ကူချပြီး ညပိုင်းမှာ ထိတွေ့မှု ဖြစ်ခဲ့ပါတယ်။ မြို့တွင်း ပြည်သူနေအိမ် တချို့ မီးလောင်ပြာကျ ပါတယ်။ စစ်ရှောင်ဦးရေ က တိုးလာနေတုန်းပါ။ ရှစ်ထောင်နဲ့ တစ်သောင်း ကြား ရှိမယ်လို့ ခန့်မှန်းရပါတယ်။ စားနပ်ရိက္ခာအပြင်၊ အမိုးအကာ၊ အရေးပေါ် ဆေးဝါး၊ အနွေးအထည်နဲ့ စောင်၊ တကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းတွေအပြင် ဖုန်းငွေဖြည့်ကတ် တွေလည်း လိုအပ်နေပါတယ်” ဟု တွန်းဇံမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စစ်ဘေးရှောင် ပြည်သူများအတွက် ကူညီထောက်ပံ့မှုများကို SDB ၊ Username – @tonzangadmin ၊ UD – 2661f25c-2283-4e3e-b0cf-54f61cfd5868 နွေဦးဘဏ် အကောင့် မှ တဆင့် ကူညီ ထောက်ပံ့နိုင်ကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article