25 C
Yangon

လှိုင်သာယာအနောက်ပိုင်းတွင် ဉာဏ်တော် ၂၄ ပေရှိ ထိုင်တော်မူ အေးငြိမ်းချမ်းသာ ဗုဒ္ဓရုပ်ပွားတော်နှင့် အိမ်ခြေ ၃၀၀ ကျော်ရှိသော ကျွန်းကြီးရွာတို့ကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့်ရဲက ရုတ်တရက် ဝင်ရောက် ဖျက် ဆီး

Must read

လှိုင်သာယာအနောက်ပိုင်းတွင် ဉာဏ်တော် ၂၄ ပေရှိ ထိုင်တော်မူ အေးငြိမ်းချမ်းသာ ဗုဒ္ဓရုပ်ပွားတော်နှင့် အိမ်ခြေ ၃၀၀ ကျော်ရှိသော ကျွန်းကြီးရွာတို့ကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့်ရဲက ရုတ်တရက် ဝင်ရောက် ဖျက် ဆီး

■ အေးငြိမ်းချမ်းသာထိုင်တော်မူ ရုပ်ပွားတော်မြတ်ကို မဖြိုရန် သံဃာတော်များက တားဆီးခဲ့ကြသော်လည်း ရုပ်ပွားတော်၏ ဦးခေါင်းတော်မှစ၍ စစ်တပ်က ဘူဒိုဇာဖြင့် ဖြိုချ

ရန်ကုန်၊ မေ ၂၅

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အနောက်ပိုင်း၊ အပြင်ပဒံရပ်ကွက်၊ အနော်ရထာစက်မှုဇုန် အပိုင်း ၂ တွင် ပါဝင်သော ကျွန်းကြီးကျေးရွာမှ အိမ်ခြေ ၃၀၀ ကျော်နှင့် ဉာဏ်တော် ၂၄ ပေရှိ ထိုင်တော်မူ အေးငြိမ်းချမ်းသာဘုရားကြီးတို့ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က ဖြိုချ ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

မေလ ၂၄ ရက်နေ့ လှိုင်သာယာမြို့နယ်၊ အနောက်ပိုင်း အပြင်ပဒံရပ်ကွက်၊ ကျွန်းကြီးကျေးရွာမှ နေအိမ် ၃၀၀ ကျော်ကို စစ်တပ်နှင့်ရဲများက ဘူဒိုဇာများဖြင့် အင်အားသုံး ဖယ်ရှားဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူများမှာ နေအိမ်များမှ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ဆင်းပြေးကြရကြောင်း သိရှိရသည်။

“မြေကော်စက်တွေနဲ့ ရုတ်တရက်ကြီး ဝင်ချလာတာ။ သူတို့က ပထမ ပြောတာက အနော်ရထာစက်မှုဇုန် အပိုင်း ၂ စံပယ်လမ်းပေါ်မှာရှိတဲ့ လမ်းနယ် ကျူးကျော်တဲ့ တဲ ၁၆ လုံးကို ဖျက်မယ်ဆိုပြီး ပြောပြီး ကျွန်းကြီးကျေးရွာတစ်ခုလုံးကို ဝင်ဖြိုသွားတာ။ ကျနော်တို့ ကျေးရွာကို ဖြိုမယ်လို့လည်း သတိပေးချက်မရှိဘဲ ရုတ်တရက်ကြီး လက်နက်တွေ ဘူဒိုဇာတွေနဲ့ ဝင်လာပြီး ဖြိုချသွားတာ”ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ထို့ပြင် ကျွန်းကြီးကျေးရွာတွင် တည်ထားပူဇော်နေသည့် ဉာဏ်တော် ၂၄ ပေရှိ ထိုင်တော်မူ အေးငြိမ်းချမ်းသာဘုရားကြီးကိုပါ ဘူဒိုဇာဖြင့် ဖြိုချလိုက်ကြောင်း ၊ ဘုရားကြီးကို မဖျက်ဆီးရန် အရှင်ဘန္ဒန္တမေဓီယဝံသက တောင်းပန်သော်လည်း မရဘဲ စစ်တပ်နှင့်ရဲများက ဘုရားကြီး ဦးခေါင်းတော်မှစ၍ ဘူဒိုဇာဖြင့် ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“မနေ့က ဘုန်းကြီးကျောင်းရော၊ ဉာဏ်တော် ၂၄ ပေရှိတဲ့ ထိုင်တော်မူအေးငြိမ်းချမ်းသာဘုရားကြီးကိုလည်း ဘူဒိုဇာနဲ့ ဖြိုချလိုက်ပါတယ်။ လမ်းနယ်ကျူး ကျော်တဲ ၁၆ လုံးပဲ ဖျက်မယ်ဆိုပြီး ကျွန်းကြီး တစ်ရွာလုံးကို ဝင်ဖျက်တာပါ။ အုပ်ချုပ်ရေးမှုးထွန်းနိုင်ဦးနဲ့ စစ်တပ်၊ ရဲ ၊ စည်ပင်၊ လူမိုက်တွေအင်အားသုံးပြီးတစ်ရွာလုံးဖျက်ဆီးသွားပါတယ်” ဟု ကျွန်းကြီးကျေးရွာမှ နေအိမ်အဖျက်ခံရသူတစ်ဦးက ပြောဆိုသည်။

စစ်တပ်၏ ဖျက်ဆီးမှုကြောင့် လှိုင်သာယာမြို့နယ်အနောက်ပိုင်း၊ အပြင်ပဒံရပ်ကွက်၊ ကျွန်းကြီးကျေးရွာမှ အိမ် ခြေ ၃၀၀ ပျက်စီးသွားပြီး လူဦးရေ ၁၅၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်သွားရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ စစ်တပ်က အေးငြိမ်းချမ်းသာထိုင်တော်မူ ရုပ်ပွားတော်မြတ်ကို ဘူဒိုဇာဖြင့် ဖြိုဖျက်စဉ် သံဃာတော်များက လာရောက် တားဆီးနေကြစဉ်။

(ဗီဒီယိုဖိုင်များကို ဆက်လက် တင်ဆက်ပါမည်။ )

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article