25 C
Yangon

ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၄ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး

Must read

ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၄ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး

ရန်ကုန်၊ မေ ၂၆

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၂ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ စစ်ဘုကျေးရွာတွင် WY စိတ်ကြွဆေးပြားများ ရောင်းဝယ်နေသော ဦးထွန်းမောင်၊ ဦးသိန်းကြည်နှင့် မောင်လင်းထွေး တို့ကို ပြည်သူများ တိုင်ကြားချက်အရ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ဖမ်းဆီးစဉ် WY ဆေးပြား ၁၁၄၀ လုံးနှင့် အတူ သက်သေခံပစ္စည်းများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော တရားခံ ၃ ဦးကို ထိုက်သင့်သော အပြစ်ဒဏ်ပေး၍ နောက်နောင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ ဖြန့်ဖြူး၊သုံးစွဲခြင်း လုံးဝမပြုလုပ်ရန် ခံဝန်ကတိလ က်မှတ်ရေးထိုးခိုင်းပြီး ပြင်းထန်စွာ သတိပေးဆုံးမခဲ့ကြောင်း၊ ၎င်းထံမှ သိမ်းဆည်းရမိသော WY ဆေးပြား ၁၁၄၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယင်းဖမ်းဆီးမှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တနင်္သာရီ ကာကွယ်ရေးပြောက်ကျား (တနင်္သာရီ-ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၁၆ ရက်နေ့ကလည်း ကျွန်းစုမြို့နယ်၊ ယမုံကျေးရွာမှ ဦးပိန်ချောင်းဆိုသူကို WY စိတ်ကြွဆေးပြား ၇၀ လုံးနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသော တရားခံ ဦးပိန်ချောင်းကို ထိုက်သင့်သော အပြစ်ဒဏ်ပေး၍ နောက်နောင် မူးယစ်ဆေးဝါးများ ရောင်းဝယ်၊ ဖြန့်ဖြူး၊ သုံးစွဲခြင်းလုံးဝမပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းပြီး ပြင်းထန်စွာသတိပေးဆုံးမခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့ဝင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းရမိသော WY စိတ်ကြွ ဆေးပြား အလုံး ၇၀ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article