ယင်းမာပင်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ဆေးဝါးကုသမှုပေးနိုင်ရန် ထောက်ပံ့မှုပေးအပ်
ရန်ကုန်၊မေ ၂၆
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သည့် ဆေးဝါးများကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က အလှူရှင်များ ကိုယ်စား ချိတ်ဆက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆေးအလှူကို ကွန်ရက်၏ အဖွဲ့ဝင်ဖြစ်သော ယင်းမာပင်မြို့နယ်အခြေစိုက်ဖြစ်သော
“ပြည်သူမှ ပြည်သူသို့ စစ်ရှောင်ကူညီရေး ပရဟိတအဖွဲ့” မှ ဦးစီး၍ ယင်းမာပင်မြို့နယ်ရှိ ဆေးအဖွဲ့တစ်ဖွဲ့မှ စစ်ရှောင်ပြည်သူ လူနာ ၈၀ကျော်ကို နှစ်ရက်တာ ဆေးကုသ ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2024/05/441544068_813430394217902_5285011938412330193_n.jpg)
![](https://yktnews.com/wp-content/uploads/2024/05/441577561_813430470884561_41466208072355099_n.jpg)
![](https://yktnews.com/wp-content/uploads/2024/05/444166778_813430524217889_3699418213842922550_n.jpg)